About Us
ဗဟိုပိုက်ဆိုင်-ရန်ကုန်ကို (၁၉၉၀) ခုနှစ်တွင် စတင်ဖွင့်လှစ်၍ ကုန်ပစ္စည်းများကို ရောင်းချခဲ့ပါသည်။ ဗဟိုပိုက်ဆိုင် ရန်ကုန်တွင် မီးစက်များ၊ မော်တာများ၊ ပလတ်စတစ်ရေပိုက်များနှင့် ရေပန့်ပစ္စည်းများ၊ စိုက်ပျိုးရေးဆေးဖျန်းပစ္စည်းများနှင့် မြက်ရိတ်စက်အမျိုးမျိုးတို့ကို အရောင်၊ အရွယ်အစားစုံလင်စွာ လက်လီလက်ကားရောင်းချပေးလျက် ရှိပါသည်။ ဗဟိုပိုက်ဆိုင်-ရန်ကုန်မှ ပစ္စည်းများကို မြန်မာတစ်နိုင်ငံလုံးရှိ အမြို့မြို့အနယ်နယ် အရပ်ရပ်သို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့ရာ ယခုအချိန်အထိ သုံးစွဲသူမိဘပြည်သူအများ တစ်ခဲနက် ဝယ်ယူအားပေး အသုံးပြုလျက်ရှိပါသည်။ ဗဟိုပိုက်ဆိုင်-ရန်ကုန်တွင် ဝယ်ယူသုံးစွဲသူဖောက်သည်များအတွက် စိတ်ကျေနပ်မှု ရရှိစေရန် ကုန်ပစ္စည်းများ၏ အရည်အသွေးများကို စစ်ဆေးမှုများ အမြဲပြုလုပ်လျက်ရှိပါသည်။ ဖောက်သည်များ၏ တောာင်းဆိုချက်များ ဝေဖန် အကြံပြုချက်များကိုလည်း အစဉ်အမြဲနားစွင့်နေပြီး လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်လျက်ရှိပါသည်။ ငွေပေးချေရသော ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် ညီမျှသည့် စိတ်ကျေနပ်မှုကို ရရှိစေနိုင်ရန် အာမခံပါသည်။ ဖောက်သည်များ၏ တောင်းဆိုချက်များ ဝေဖန်အကြံပြုချက်များကိုနွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။
Products & Services
- မီးစက်များ၊ မော်တာများ၊ အင်ဂျင်စက်များ၊ ပလတ်စတစ်ရေပိုက်များ၊ ရေပန့်ပစ္စည်းများ စိုက်ပျိုးရေး ဆေးဖျန်းပစ္စည်းများနှင့် မြက်ရိတ်စက်အမျိုးမျိုးတို့ကို အရောင်၊ အရွယ်အစားစုံလင်စွာ ဗဟိုပိုက်ဆိုင်-ရန်ကုန်မှ လက်လီ လက်ကားရောင်းချပေးလျက်ရှိပါသည်။မော်တာကွိုင်များကို ကြေးကွိုင်အစစ်ဖြင့် ပြုလုပ်ထားပါသည်။ မော်တာကွိုင်ပူလျင် အော်တို ပြုလုပ်ပေးသည့် စနစ်ပါဝင်သည်။
Photo Gallery
View All Photos (10)Location
214/216, 5th Flr, Bo Myat Tun St., Kyauk Sein Condo, Pazundaung Township, Yangon , Myanmar
Get DirectionsOpening Hours
- Monday
- 8:00 AM – 6:00 PM
- Tuesday
- 8:00 AM – 6:00 PM
- Wednesday
- 8:00 AM – 6:00 PM
- Thursday
- 8:00 AM – 6:00 PM
- Friday
- 8:00 AM – 6:00 PM
- Saturday
- 8:00 AM – 6:00 PM
- Sunday
- 8:00 AM – 6:00 PM