Auto

business class

274, 2nd Flr, Seik Kan Thar St., Upper Block, Kyauktada Township, Yangon , Myanmar
About Us
ကျွန်တော်တို့ Auto Products ကို 2005 ခုနှစ် နိုဝင်ဘာမှာ ဈေးကွက်ကို "Union" အမှတ်တံဆိပ်ဖြင့် ရေမော်တာ / ကွန်ပရက်ဆာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်းစက်၊ မီးစက်အော်တိုစနစ်နှင့် မီးလိုင်းကို အလိုအလျောက်ချိတ်ဆက်ပေးသောစနစ်ဖြင့် စတင်ဝင်ရောက်ခဲ့ပါတယ်။ သို့သော် လုပ်ငန်းစတင်တည်ထောင်သည့်နှစ်ကို 2006 ခုနှစ်အဖြစ်စတင် သတ်မှတ်ခဲ့ပါသည်။ "Union" အမှတ်တံဆိပ်ကို မှတ်ပုံတင်ရာတွင် ကုန်ပစ္စည်းမှတ်ပုံတင်သွင်းခဲ့ချိန်တွင် ခွင့်ပြုမိန့် မရခဲ့သဖြင့် "Auto" အမှတ်ံတံဆိပ်သို့ ပြောင်းလဲမှတ်ပုံတင်ခဲ့ရာ အောင်မြင်ခဲ့ပြီး 2007 ခုနှစ်မှ စ၍ "Auto" အမှတ်ံတံဆိပ်ဖြင့် ဈေးကွက်ထဲသို့ ရောက်ရှိခဲ့ပြီး ယနေ့တိုင် ယင်း "Auto" အမှတ်ံတံဆိပ်ဖြင့် ကျေးဇူးရှင် အသုံးပြုသူများ၏ ယုံကြည်လေးစားစွာအားပေးမှုဖြင့် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပါသည်။

Products and Services

  • Automatic Water-Pump Controller (One (or) Four level display, Single Phase,2h.p).
  • Automatic Waste Water-Pump Controller (One level display, Single phase, 2h.p).
  • Automatic Compressor Controller (One (or) Four level display, Single Phase,2h.p).
  • Automatic Water-Pump Controller ( Three phase, panel box).
  • Automatic Water-Pump Controller with Star Start Delta Run Control( Three phase 10h.p & above , panel box ).
  • Automatic Compressor Controller ( Three phase, panel box ).
  • Automatic Water-Pump Controller ( Single (or) Three phase ,One Duty One Standby, panel box ).
  • Automatic Compressor Controller ( Single (or) Three phase ,One Duty One Standby, panel box ).
  • Automatic Waste Water-Pump Controller ( Single (or) Three phase ,One Duty One Standby, panel box ).
  • Auto Transfer Switch ( ATS ).
  • Engine Control System ( ECS ).
  • Industrial Control System ( ICS ).
  • Three Phase Safeguard.
  • Customized Order & Others.
  • Automatic Water-Pump Controller(single phase 2h.p).
  • ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်(1AWPC)၊ ရေ level တစ်ဆင့်သာ ပြသခြင်း။
  • Automatic Waste Water-Pump Controller(single phase 2h.p).
  • စွန့်ပစ်ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်(1AWWPC)၊ AWPC ၏လုပ်ဆောင်ချက်များအပြင် ရေပြည့်လျှင် မော်တာအား မောင်းနှင်စေပြီ ရေလျော့လျှင် မော်တာအား အလိုအ​လျောက် ရပ်တန့်စေခြင်း။
  • Automatic Water-Pump Controller(single phase 2h.p)
  • ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်(4AWPC)၊ AWPC ၏လုပ်ဆောင်ချက်များအပြင် ရေ level လေးဆင့်ပြသခြင်း။
  • Automatic Compressor Controller(single phase 2h.p)
  • ကွန်ပရက်ဆာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်(1ACC)၊ AWPC ၏လုပ်ဆောင်ချက်များအပြင် ရေပြည့်လျှင် လေဘားအား လေလျှော့ပေးပြီးမှ မော်တာအား ရပ်တန့်စေပြီး စက္ကန့်၃၀​ကြာမှသာ လေဘားအား ရပ်တန့်စေခြင်း။ ရေ​လျော့လျှင် လေဘားအား လေလျှော့ပေးပြီးမှ မော်တာအား အလိုအလျောက် မောင်းနှင်စေခြင်း။ ရေ level တစ်ဆင့်သာ ပြသခြင်း။
  • Automatic Compressor Controller( single phase 2h.p).
  • ကွန်ပရက်ဆာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်(4ACC)၊ AWPC ၏လုပ်ဆောင်ချက်များအပြင် ရေပြည့်လျှင် လေဘားအား လေလျှော့ပေးပြီးမှ မော်တာအား ရပ်တန့်စေပြီး စက္ကန့်၃၀ကြာမှသာ လေဘားအား ရပ်တန့်စေခြင်း။ ရေလျော့လျှင် လေဘားအား လေလျှော့ပေးပြီး မော်တာအား မောင်းနှင်ပြီး ၈ စက္ကန့်ကြာမှ လေဘားအား ရပ်တန့်စေခြင်း။ ရေ level လေးဆင့်ပြသခြင်း။
  • Automatic Water-Pump Controller ( three phase, panel box)
  • AWPC ၏လုပ်ဆောင်ချက်များအပြင်​ မီးလိုင်းတစ်လိုင်းမလာလျှင်သော်လည်းကောင်း၊ မီးလိုင်းသုံးလိုင်းစလုံးသည် အစီအစဉ်လိုက် မဖြစ်လျှင်သော်လည်းကောင်း၊လျပ်စစ်မီးအား ၃၆၀ ဗို့အောက်နှင့် ၄၂၀ ဗို့အားအထက်ဖြစ်လျှင်သော်လည်းကောင်း၊ ဝန်ပိုသုံးစွဲလျှင်သော်လည်းကောင်း မော်တာအား အလိုအလျောက် ရပ်တန့်စေခြင်း။ Safety breaker ပါရှိခြင်း။
  • Automatic Water-Pump Controller with Star Start Delta Run Control( three phase 10h.p & above , panel box ) .
  • ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက် ( Star Start Delta Run Control , three phase 10h.p & above)၊ Three Phase AWPC ၏လုပ်ဆောင်ချက်များအပြင်​ မော်တာစမောင်းသောအခါ star connection ဖြင့်မောင်းနှင်စေပြီး ၅စက္ကန့်ကြာမှ delta connection ဖြင့် မောင်းနှင်စေခြင်းအားဖြင့် မော်တာစမောင်းလျှင် အရုန်းအဆွဲကောင်းမွန်ပြီး High current သုံးစွဲခြင်းကို လျှော့ချပေးသောကြောင့် မော်တာသက်တန်းကို ရှည်ကြာစေသည်။
  • Automatic Compressor Controller ( three phase, panel box )
  • Three Phase AWPC ၏လုပ်ဆောင်ချက်များအပြင်​ လေဘားအား လေလျှော့ပေးပြီးမှ မော်တာအား ရပ်တန့်စေပြီ စက္ကန့်၃၀ကြာမှသာ လေဘားအား ရပ်တန့်စေခြင်း။ ရေလျော့လျှင် လေဘားအား လေလျှော့ပေးပြီး မော်တာအား မောင်းနှင်ပြီ ၈ စက္ကန့်ကြာမှ လေဘားအား ရပ်တန့်စေခြင်း။ ရေ level လေးဆင့်ပြသခြင်း။
  • Automatic Water-Pump Controller ( three phase ,One Duty One Standby ).
  • ရေမော်တာနှစ်လုံးကို တစ်လှည့်စီ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်။ Three Phase AWPC ၏လုပ်ဆောင်ချက်များအပြင်​ ရေလျော့လျင် မော်တာနံပါတ်တစ် စမောင်းပြီးတစ်နာရီကြာသည်အထိ ရေမပြည့်သေးလျှင် မော်တာနံပါတ်တစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်နှစ်အား မောင်းနှင်စေခြင်း။ထိုနည်းတူစွာ မော်တာနံပါတ်နှစ် စမောင်းပြီးတစ်နာရီကြာသည်အထိ ရေမပြည့်သေးလျှင် မော်တာနံပါတ်နှစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်တစ်အား မောင်းနှင်စေခြင်း။ မော်တာနံပါတ်တစ် စမောင်းပြီးသုံးမိနစ် ကြာသည်အထိ ​ရေဖြည့်သည့်ကန်ထဲသို့ ရေကျဆင်းခြင်းမရှိလျှင် မော်တာနံပါတ်တစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်နှစ်အား မောင်းနှင်စေခြင်း။မော်တာနံပါတ်နှစ် စမောင်းပြီးသုံးမိနစ် ကြာသည်အထိ ​ရေဖြည့်သည့်ကန်ထဲသို့ ရေကျဆင်းခြင်းမရှိလျှင် မော်တာနှစ်လုံးစလုံးကို ရပ်တန့်စေပြီး နာရီဝက်ကြာမှ မော်တာနံပါတ်တစ်အား ပြန်လည်မောင်းနှင်စေခြင်း။
  • Automatic Compressor Controller ( three phase, One Duty One Standby ).
  • ကွန်ပရက်ဆာနှစ်လုံးကို တစ်လှည့်စီ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်။ Automatic Water-Pump Controller ( three phase, One Duty One Standby ) ၏လုပ်ဆောင်ချက်များအပြင်​ လေဘားအား လေလျှော့ပေးပြီးမှ မော်တာအား ရပ်တန့်စေပြီ စက္ကန့်၃၀ကြာမှသာ လေဘားအား ရပ်တန့်စေခြင်း။ ရေ​​လျော့လျှင် လေဘားအား လေလျှော့ပေးပြီး မော်တာအား မောင်းနှင်ပြီ ၈ စက္ကန့်ကြာမှ လေဘားအား ရပ်တန့်စေခြင်း။ ရေ level လေးဆင့်ပြသခြင်း။
  • Automatic Waste Water-Pump Controller ( three phase ,One Duty One Standby ).
  • စွန့်ပစ်ရေမော်တာနှစ်လုံးကို တစ်လှည့်စီ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက်။ Three Phase AWPC ( One Duty One Standby)၏လုပ်ဆောင်ချက်များအပြင်ရေပြည့်လျင် မော်တာနံပါတ်တစ် စမောင်းပြီးတစ်နာရီကြာသည်အထိ သတ်မှတ်ရေထိ မလျော့သေးလျှင် မော်တာနံပါတ်တစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်နှစ်အား မောင်းနှင်စေခြင်း။ထိုနည်းတူစွာ မော်တာနံပါတ်နှစ် စမောင်းပြီးတစ်နာရီကြာသည်အထိ သတ်မှတ်ရေထိ မလျော့သေးလျှင် မော်တာနံပါတ်နှစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်တစ်အား မောင်းနှင်စေခြင်း။ မော်တာနံပါတ်တစ် စမောင်းပြီး သုံးမိနစ်ကြာသည်အထိမော်တာ၏ရေထွက်ပိုက်မှ ရေကျဆင်းခြင်းမရှိလျှင် မော်တာနံပါတ်တစ်အား ရပ်တန့်စေပြီး မော်တာနံပါတ်နှစ်အား မောင်းနှင်စေခြင်း။ မော်တာနံပါတ်နှစ် စမောင်းပြီး သုံးမိနစ်ကြာသည်အထိ မော်တာ၏ရေထွက်ပိုက်မှ ရေကျဆင်းခြင်းမရှိလျှင် မော်တာနှစ်လုံးစလုံးကို ရပ်တန့်စေပြီး နာရီဝက်ကြာမှ မော်တာနံပါတ်တစ်အား ပြန်လည်မောင်းနှင်စေခြင်း။
  • Auto Transfer Switch(ATS).
  • EPC မှ လျှပ်စစ်နှင့် GENERATOR မှ လျှပ်စစ်ကို အဆောက်အဦတွင်းသို့ အလိုအလျောက် ချိတ်ဆက်ပေးသောစနစ်။(ATS)၊ EPC မီးပျက်သွားသည့်အခါ Generator မှ လျှပ်စစ်ကို Load သို့ 5secs ကြာမှပို့ပေးခြင်း။ EPC မီး​ပြန်လာသည့်အခါ 5secsကြာမှ Generator မှ လျှပ်စစ်ကို ဖြတ်တောက်ပြီး EPC မှလျှပ်စစ်ကို Load သို့ ပို့ပေးခြင်း။ EPC မီးလိုင်းတစ်လိုင်းမလာလျင်သော်လည်းကောင်း၊ မီး လိုင်း ၂လိုင်းမီးအားများ / နည်းလျင်သော်လည်းကောင်း၊ EPC မီးလိုင်းအား Load နှင့် အဆက်အသွယ်ဖြတ်တောက်ပေးခြင်းဖြင့် Loadရှိ ပစ္စည်းများကိုလည်း ကာကွယ်ပေးမည်။
  • Engine Control System(ECS).
  • မီးစက်အား အလိုအလျောက် ပိတ်/ဖွင့် လုပ်ပေးသောစနစ်။(၁) EPC မီးပျက်သွားပြီး ၅ စက္ကန့်ကြာမှ မီးစက်မနိုးခင် လုံလောက်သောအပူပေးခြင်း။ (၂)မီးစက်နိုးရာတွင် စတက်တာမော်တာကို မီးစက်နိုးနိုးခြင်း ချက်ချင်းရပ်တန့်စေခြင်း။ (၃)မီးစက်ကို အန္တရာယ်ကင်းစွာ နိုး​ပေးခြင်း။ (၄)တစ်ပတ်လျင် တစ်ကြိမ်၊ တစ်ကြိမ်တွင် ၅မိနစ် မီးစက်ကို အလိုအလျောက် နိုးစေသောစနစ် ပါရှိခြင်း။ (၅)ဘက်ထရီအားတစ်ရက်လျင် နှစ်ကြိမ်၊ တစ်ကြိမ်လျင် တစ်နာရီကျ အားသွင်းပေးသောစနစ် ပါရှိခြင်း။
  • Three Phase Safeguard
  • မီးလိုင်းသုံးလိုင်းစလုံးအား စောင့်ကြည့်ပြီး အန္တရာယ်ကင်းမှသာ Load နှင့် ချိတ်ဆက်ပေးသည့်စက်။ မီးလိုင်းတစ်လိုင်းမလာလျှင်သော်လည်းကောင်း၊ မီးလိုင်းသုံးလိုင်းစလုံးသည် အစီအစဉ်လိုက် မဖြစ်လျှင်သော်လည်းကောင်း၊လျပ်စစ်မီးအား ၃၆၀ ဗို့အောက်နှင့် ၄၂၀ ဗို့အားအထက်ဖြစ်လျှင်သော်လည်းကောင်း၊ ဝန်ပိုသုံးစွဲလျှင်သော်လည်းကောင်း လျပ်စစ်ဓါတ်အားကို အလိုအလျောက်ဖြတ်တောက် စေခြင်း။ Safety breaker ပါရှိခြင်း။
  • Customized Order & Others
  • မိမိတို့ စိတ်ကြိုက်စနစ်များကို မှာယူ အသုံးပြုသောစနစ်။

Categories

  • Pipes & Pumps Accessories
  • Generators & Transformers Sales/Services & Rental
  • Electric Motors & Dynamo Sales & Repair

Brands

Last Updated 1 month ago