Yangon Trend

ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မည်

Read 366 times

နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာမည့် သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ရက်သတ္တ (၂) ပတ်ခန့် စောင့်ဆိုင်းပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည် ဝင်ရောက်နိုင်တော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

မြန်မာအစိုးရအနေဖြင့် နယ်စပ်ဂိတ်များမှ နောက်ထပ် ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု ( Quarantine ) ပြုလုပ်ရန် နေရာထိုင်ခင်းများ တိုးချဲ့ဆောင်ရွက်နေသည့်အတွက် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက် ပြန်ခွင့်ပြုမည်မဟုတ်ပဲ အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများတွင် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှုခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရမည် ဖြစ်သည်။

Read More >>> ပြည်တွင်းလေဆိပ်များတွင် နိုင်ငံတကာလေကြောင်းလိုင်းများကို ဆိုက်ရောက်ခွင့်မပြုတော့

မြန်မာနိုင်ငံ၌ မတ်လ ၂၁ ရက်မှ ၃၀ ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ (၁၄) ဦး ရှိလာပြီး ၎င်းတို့ထဲတွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အသက် (၄၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးလည်း ပါဝင်သည်။

၎င်းသည် မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိနေထိုင်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားနေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်လိုက်ရခြင်း ဖြစ်သည်။

Su Mon Oo ( Mine )
MOFA

Bookmark