MMM [Min Min Maung Services Co., Ltd.]

premium

19/20, Baho Rd., Ward [7], Kamaryut, Yangon , Myanmar
About Us
MMM Car Sales Center တွင် မြန်မာနိုင်ငံရေမြေသဘာဝနှင့် ကိုက်ညီမှုရှိစေမည့် မော်တော်ယာဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း စံချိန်စံညွှန်းများနှင့် ပြည့်စုံမှုရှိသည့် မော်တော်ယာဉ်များကို တင်သွင်းရောင်းချလျက်ရှိပြီးမြန်မာ့ကားဈေးကွက်နှင့် ရင်းနှီးမှုအရှိဆုံး အမှတ်တံဆိပ်များဟုဆိုရမည့် Toyota, Lexus, Honda, Mitsubishi, Mazda, Nissan, Daihatsu ကားများအပြင် Mercedes, BMW, Volkswagen, Range Rover စသောဥရောပအမှတ်တံဆိပ်မော်တော်ကားများကိုမှန်ကန်သော စေတနာ၊ပြည့်ဝသော အရည်အသွေး၊ထိုက်တန်သော ဈေးနှုန်း၊ကောင်းမွန်သောဝန်ဆောင်မှုများဖြင့် တင်သွင်းရောင်းချပေးလျက်ရှိပါသည်။

Products and Services

  • MMM Car Sales Center ၌ မော်တော်ကားတစ်စီးချင်းစီကို မျက်မြင်ကြည့်ရှု၍ စမ်းသပ်စစ်ဆေးဝယ်ယူနိုင်မည့်အပြင် ပြည်ပမှ လေလံဆွဲ၍ ၀ယ်ယူလိုသူများအတွက်လည်း ၀န်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို့ ဝန်ဆောင်ပေးရာတွင်လည်းကား၏ Option ကိုကြည့်ပြီး သင့်တင့်မျှတသည့် ဈေးကိုခန့် မှန်းတွက်ချက်ကာ လေလံဆွဲပေးပါသည်။
  • အရောင်းပြခန်းရှိ ကားများကိုလည်း နံပါတ်ယူ၊ လိုင်စင်စာအုပ်ရရှိပြီးသည်အထိ ၀န်ဆောင်ပေးပါသည်။
  • လက်ငင်းငွေချေစနစ်အပြင် အရစ်ကျစနစ်ဖြင့် ၀ယ်ယူလိုသူများအတွက်လည်း ရိုးမဘဏ်၊ ဧရာဝတီဘဏ်များနှင့် ချိတ်ဆက်၍၁ နှစ်အရစ်ကျငွေသွင်းစနစ်၊ ၂ နှစ်အရစ်ကျငွေသွင်းစနစ်ဖြင့် လိုသလို ရွေးချယ်ဝယ်ယူနိုင်စေရန် စီစဉ်ထားရှိပါသည်။
  • ၀ယ်ယူပြီးကားအား ပြန်ရောင်းလိုသူ၊ အလဲအထပ်ပြုလုပ်လိုသူများအတွက်လည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြန်လည်ဝန်ဆောင်ပေးပါသည်။
  • ၀ယ်ယူသွားသည့် ကား၏ Spare Part ပစ္စည်းကို ပြည်တွင်း၌၀ယ်ယူရန် မလွယ်ကူပါက ဂျပန်မှ တိုက်ရိုက်မှာယူတင်သွင်း ပေးပါသည်။
Last Updated 1 month ago