Travel Yangon Trend

YPS ကတ်အသုံးပြုနိုင်မည့် YBS ယာဥ်လိုင်းပေါင်း (၇)လိုင်း ထပ်မံတိုးချဲ့

Read 1059 times

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ် (YPS) ကို အသုံးပြုလျက်ရှိသော YBS ယာဉ်ကြီးများတွင် ကားပေါ်အတက်၌ တစ်ကြိမ်သာငွေဖြတ်နိုင်ရန် စတင်ဆောင်ပြုလုပ်နေပြီ ဖြစ်ကြောင်း  ကြေညာချက် ထုတ်ပြန်ထားသည်။

ယခင်က YPS ကတ်အသုံးပြုမှုများ ပြုလုပ်ရာတွင် စက်ကိုနှစ်ခါဖြတ်ကာ သုံးခဲ့သော်လည်း  ခရီးသွားပြည်သူများ၏ တောင်းဆိုမှုများကြောင့် စက်ကိုတစ်ကြိမ်တည်း ဖြတ်ကာ အသုံးပြုမှုများ စတင်ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးခြင်း ဖြစ်ပေသည်။

လက်ရှိကာလ၌ အသစ်ထပ်မံတိုးချဲ့ထားသည့် YBS ယာဥ်လိုင်းပေါင်း (၇)လိုင်းရှိသည်။ယင်းယာဥ်လိုင်းပေါင်း (၇)လိုင်းမှာ….

  •  Line 57 သခင်မြပန်းခြံ - လင်းစတောင်း (မြို့တွင်းပတ်)
  •  Line 32 ထောက်ကြန့် - ရေကြောင်းတက္ကသိုလ်
  •  Line 97 ထောက်ကြန့် - စီးပွားရေးတက္ကသိုလ် 
  •  Line 97 ဘူတာကြီး - စီးပွားရေးတက္ကသိုလ် 
  •  Line 93 ဘူတာကြီး - အနောက်ပိုင်းတက္ကသိုလ် 
  •  Line 94 ဘူတာကြီး - ကွန်ပျူတာတက္ကသိုလ်
  •  Line 78 ဘူတာကြီး - ကွန်ပျူတာတက္ကသိုလ် စသည့်ယာဥ်လိုင်းများ ဖြစ်သည်။

ဒီဇင်ဘာ (၁၄)ရက်နေ့မှ စ၍  YBS (14, 38, 12, 25, 30) ယာဉ်လိုင်းများတွင် ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်(YPS)ဖြင့် တစ်ကြိမ်ငွေဖြတ် အသုံးပြုနိုင်ရန် ‌ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး  (၂၀၂၁) ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့အထိ  အသုံးပြုနိုင်မည်ဖြစ်သည်။ထပ်မံတိုးချဲ့ထားသော    ယာဥ်လိုင်း(၇)လိုင်းတွင်လည်း ထိုသို့ ကတ်အသုံးပြုမှုများ ရရှိစေရန် စီစဥ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ဇူလိုင်လ(၂၁)ရက်နေ့မှစကာ YBS ခရီးသည်တင်ယာဉ်လိုင်း (၁၂) လိုင်းတွင် ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ် ကို စတင်အသုံးပြုခဲ့ပြီး ဩဂုတ် (၈) ရက်နေ့တွင်  ယာဉ်လိုင်းပေါင်း (၂၁) လိုင်းရှိ ယာဉ်အစီးရေ (၇၀၀) ကျော်တွင် ထပ်မံသုံးစွဲနိုင်ခဲ့ပေသည်။

လက်ရှိအချိန်တွင်မူ  YPS ကတ်အသုံးပြုနိုင်သည့်  ယာဉ်အစီးရေပေါင်း (၁၂၉၈) စီးရှိပြီး မကြာမီကာလအတွင်းတွင်   ယာဉ်အစီးရေ (၁၆၀၀) ခန့်အထိ ထပ်မံသုံးစွဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပေသည်။

Bookmark