Yangon Trend

သတ်မှတ်ထားသည့် မှတ်တိုင်ဧရိယာအတွင်းသာ ယာဉ်စီးခငွေဖြတ်တောက်မည့် YPS ကတ်စနစ်

Read 1610 times

YPS ကတ်တွင် ထည့်သွင်းထားသည့်စနစ်သည် မှတ်တိုင်ဧရိယာအတွင်းတွင်သာ ယာဉ်စီးခငွေ ဖြတ်တောက်ခြင်း ပြုလုပ်မည်ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် မှတ်တိုင်ဧရိယာမရောက်ခင် ခရီးသည် အတင်/အချပြုလုပ်ပါက ယာဉ်လိုင်းကုမ္ပဏီများ ထိခိုက်နစ် နာမူများရှိမည်ဖြစ်ကြောင်း သိရသည်။

‘‘သတ်မှတ်ထားတဲ့မှတ်တိုင် ဧရိယာရှိတယ်၊ အဲ့ဒီထဲကို စနစ်တကျရပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်တ္တီတွဒ်၊ လောင်ဂျီတွဒ်စနစ်နဲ့ တွက်ချက်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် မှတ်တိုင်ရောက်ရင် စက်ပွင့်မယ်၊ ယာဉ်စီးခငွေဖြတ်တောက်မယ်၊ မှတ်တိုင်ကျော်ရင် စက်ပြန်ပိတ်မယ် အလုပ်မလုပ်တော့ဘူး၊ နောက်မှတ်တိုင်မှာပြန်ပွင့်မယ်၊ ဒါကြောင့် ယာဉ်မောင်းတွေ မှတ်တိုင်စနစ်တကျရပ်ဖို့အတွက် ယာဉ်လိုင်းကုမ္ပဏီတွေက မဖြစ်မနေထိန်းသိမ်းရမယ်၊ လိုက်နာဖို့အတွက် YRTA ကလည်း ဝိုင်းဝန်းထိန်းသိမ်းပေးမယ်’’ဟု YRTA တွဲဖက်အတွင်းရေးမှုး ဦးလှအောင် က ပြောသည်။

စဥ့္အိုးတန္း တ႐ုတ္႐ိုးရာ ျခေသၤ့နဂါးအက စြမ္းရည္ၿပိဳင္ပြဲတြင္ တ႐ုတ္နိုင္ငံနွင့္ ထိုင္းႏိုင္ငံမွ အသင္းမ်ား ပါဝင္ယွဥ္ၿပိဳင္

YRTA ၊ Asia Starmar Company ၊ ယာဉ်လိုင်းကုမ္ပဏီများ ပူးပေါင်းပြီး သတ်မှတ်ထားသည့် မှတ်တိုင်ဧရိယာအတွင်း YPS စက်များ အလုပ်လုပ်မလုပ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Source; Myanmar Automobile Equipment Directory

(Zawgyi)

 

YPS ကတ္တြင္ ထည့္သြင္းထားသည့္စနစ္သည္ မွတ္တိုင္ဧရိယာအတြင္းတြင္သာ ယာဥ္စီးခေငြ ျဖတ္ေတာက္ျခင္း ျပဳလုပ္မည္ျဖစ္သည့္အတြက္ သတ္မွတ္ထားသည့္ မွတ္တိုင္ဧရိယာမေရာက္ခင္ ခရီးသည္ အတင္/အခ်ျပဳလုပ္ပါက ယာဥ္လိုင္းကုမၸဏီမ်ား ထိခိုက္နစ္ နာမူမ်ားရွိမည္ျဖစ္ေၾကာင္း သိရသည္။

‘‘သတ္မွတ္ထားတဲ့မွတ္တိုင္ ဧရိယာရွိတယ္၊ အဲ့ဒီထဲကို စနစ္တက်ရပ္ရမယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ လက္တီၱတြဒ္၊ ေလာင္ဂ်ီတြဒ္စနစ္နဲ႔ တြက္ခ်က္ၿပီး လုပ္ထားတာျဖစ္တဲ့အတြက္ မွတ္တိုင္ေရာက္ရင္ စက္ပြင့္မယ္၊ ယာဥ္စီးခေငြျဖတ္ေတာက္မယ္၊ မွတ္တိုင္ေက်ာ္ရင္ စက္ျပန္ပိတ္မယ္ အလုပ္မလုပ္ေတာ့ဘူး၊ ေနာက္မွတ္တိုင္မွာျပန္ပြင့္မယ္၊ ဒါေၾကာင့္ ယာဥ္ေမာင္းေတြ မွတ္တိုင္စနစ္တက်ရပ္ဖို႔အတြက္ ယာဥ္လိုင္းကုမၸဏီေတြက မျဖစ္မေနထိန္းသိမ္းရမယ္၊ လိုက္နာဖို႔အတြက္ YRTA ကလည္း ဝိုင္းဝန္းထိန္းသိမ္းေပးမယ္’’ဟု YRTA တြဲဖက္အတြင္းေရးမႈး ဦးလွေအာင္ က ေျပာသည္။

YRTA ၊ Asia Starmar Company ၊ ယာဥ္လိုင္းကုမၸဏီမ်ား ပူးေပါင္းၿပီး သတ္မွတ္ထားသည့္ မွတ္တိုင္ဧရိယာအတြင္း YPS စက္မ်ား အလုပ္လုပ္မလုပ္ကို စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Bookmark