Yangon Trend

လာမည့် (၃)ရက်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် (၁၈)ခုတွင် ရေခေတ္တ ပြတ်တောက်မည်

Read 47409 times

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား ဓာတ်အားပိတ် ဆောင်ရွက်မည် ဖြစ်သောကြောင့် ရေခေတ္တ ပြတ်တောက်မည် ဖြစ်ကြောင်း ‌ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။ 

လှော်ကားပင်မ ဓာတ်အားခွဲရုံမှ ရန်ကုန်မြို့သို့ အဓိက ဓာတ်အားပို့လွှတ်နေသော 33KV လှော်ကား - အထယု ဓာတ်အားလိုင်း၏ ပထမ (၃)လပတ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဆောင်ရွက်မည် ဖြစ်သည်။ 

ထို့ကြောင့် ထိုဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား သွယ်ယူထားသော ရန်ကုန်မြို့သို့ ရေပေးဝေလျက် ရှိသည့် ငမိုးရိပ် ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် လဂွန်းပြင် ရေသန့်စင် စက်ရုံမှ ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားထားရမည် ဖြစ်ကြောင်း ဆိုသည်။ 

ပြုပြင်ရေး လုပ်ငန်းများကို လာမည့် (၁၉.၁.၂၀၂၁)ရက်နေ့တွင် စတင်ဆောင်ရွက်မည် ဖြစ်ပြီး နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ လျှပ်စစ်ဓာတ်အားပိတ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

ရေပြတ်တောက်မည့် မြို့နယ်များမှာ … 

  1. မင်္ဂလာဒုံ၊
  2. အင်းစိန်၊
  3. ရွှေပြည်သာ၊ 
  4. မြောက်ဥက္ကလာပ၊ 
  5. ရွှေပေါက်ကံ၊ 
  6. မရမ်းကုန်း၊ 
  7. ဗဟန်း၊ 
  8. ရန်ကင်း၊ 
  9. တောင်ဥက္ကလာပ၊ 
  10. ကမာရွတ်၊ 
  11. သင်္ဃန်းကျွန်း၊ 
  12. ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ 
  13. ဒဂုံမြို့သစ် (တောင်ပိုင်း)၊ 
  14. ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ 
  15. ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ 
  16. တာမွေ (မေတ္တာညွှန့်ရပ်ကွက်)၊
  17. သာကေတ၊ 
  18. ဒေါပုံမြို့နယ် 

စသည့်မြို့နယ်တို့ ဖြစ်သည်။

ဖော်ပြပါ မြို့နယ်များရှိ ပြည်သူများ အနေဖြင့် မိမိတို့၏ လူမှုရေး ကိစ္စရပ်များတွင် ထိခိုက်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ထားကြပါရန် YCDC မှ ပန်ကြားထားကြောင်း သိရသည်။ 

Source From Water Resources and Water Supply Authority, YCDC

Bookmark