Careers & Jobs Yangon Trend

ရန်ကုန်တွင် လာမည့် (၁၀) ရက်အတွင်း တစ်ရက်၊ နှစ်ရက်ခန့် မိုးရွာနိုင်

Read 1102 times

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ တတိယ (၁၀) ရက်ပတ်အတွက် မြန်မာတစ်နိုင်ငံလုံး၏ မိုးလေဝသ ခန့်မှန်းချက်များကို ဖော်ပြလိုက်ပါသည်။

မိုးရွာသွန်းမှုအခြေအနေ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး (၅) ရက်မှ (၆) ရက်ခန့် မိုးရွာသွန်းနိုင်သည်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရက်မှာ (၃) ရက်မှ (၄) ရက်ခန့် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်မူ ရွာသွန်းမြဲအောက် လျော့နည်းနေပြီး (၁) ရက်မှ (၂) ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။
 
နေ့အပူချိန်

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ (၁.၅) ဒီဂရီစင်တီဂရိတ် (သို့) (၃၅) ဒီဂရီဖာရင်ဟိုက်နှင့်အထက် ပိုနိုင်သည်။
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်  ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ပြီး တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်သည်။ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်နည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။

Su Mon Oo ( Mine )
မိုးဇလ

============================

ရန္ကုန္တြင္ ဧၿပီလ တတိယ (၁၀) ရက္ပတ္အတြင္း ၁ ရက္၊ ၂ ရက္ခန႔္ မိုး႐ြာႏိုင္

မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားေသာ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ တတိယ (၁၀) ရက္ပတ္အတြက္ ျမန္မာတစ္ႏိုင္ငံလုံး၏ မိုးေလဝသ ခန္႔မွန္းခ်က္မ်ားကို ေဖာ္ျပလိုက္ပါသည္။

မိုး႐ြာသြန္းမႈအေျခအေန 

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲထက္ ပိုႏိုင္ၿပီး 
(၅) ရက္မွ (၆) ရက္ခန႔္ မိုး႐ြာသြန္းႏိုင္သည္။

ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ၿပီး ႐ြာရန္ရက္မွာ (၃) ရက္မွ (၄) ရက္ခန႔္ ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္မူ ႐ြာသြန္းၿမဲေအာက္ ေလ်ာ့နည္းေနၿပီး (၁) ရက္မွ (၂) ရက္ခန႔္ မိုးထစ္ခ်ဳန္း ႐ြာႏိုင္ပါသည္။
 
ေန႔အပူခ်ိန္

ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ဧၿပီလ ပ်မ္းမွ်အပူခ်ိန္၏ (၁.၅) ဒီဂရီစင္တီဂရိတ္ (သို႔) (၃၅) ဒီဂရီဖာရင္ဟိုက္ႏွင့္အထက္ ပိုႏိုင္သည္။
 
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္  ဧၿပီလ ပ်မ္းမွ်အပူခ်ိန္ခန႔္သာ ရွိႏိုင္ပါသည္။

ဘဂၤလားပင္လယ္ေအာ္အေျခအ‌ေန

ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔တြင္ ေလဖိအားနည္းရပ္ဝန္း (၁) ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး တိမ္အသင့္အတင့္ ျဖစ္ထြန္းႏိုင္သည္။ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္နည္းငယ္ ျဖစ္ထြန္းႏိုင္ပါသည္။

Su Mon Oo ( Mine )
မိုးဇလ

Bookmark