လက်ရှိကာလတွင် နွေရာသီသို့ ရောက်ရှိလာပြီး အပူချိန်လည်း မြင့်တက်လာပြီဖြစ်ရာ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် အရေးပေါ်ရှေးဦး ပြုစုနည်းများကို ဖော်ပြပေးလိုက်ပါသည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း
- ဂနာမငြိမ်ခြင်း၊
- ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း
- ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း၊
- အလွန်အမင်းရေဆာခြင်း
- ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း
အပူဒဏ်ကြောင့် သတိလစ်ခြင်း
- ခန္ဓာကိုယ်အပူချိန်အလွန်အကျွံ မြင့်တက်လာခြင်း
- အရေပြားပူ၍ခြောက်သွေ့ခြင်း(သို့) ချွေးခန်းခြောက်ခြင်း
- ကယောင်ကတမ်းဖြစ်ခြင်း
- သတိလစ်ခြင်း၊ တက်ခြင်း
အရေးပေါ်ရှေးဦးပြုစုခြင်း
- လူနာကို အရိပ်ရအေးမြသော နေရာသို့ ရွှေ့ထားပါ။
- လေပန်ကာ၊ လေအေးပေးစက် ဖွင့်ထားပေးပါ။ မရှိပါက ယပ်ခတ်ပေးပါ။
- လူနာ၏ ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။
- လူနာ၏ အဝတ်အစားများကို ချွတ်ပါ။
- လူနာ၏ လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ။
- လူနာ ကောင်းစွာသတိရနေပါက ရေအေးအေး (သို့) ဓါတ်ဆားရည်တိုက်ပါ။
အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်ပွားမည့်လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ချက်ချင်း ပို့ဆောင်ပါ။
Su Mon Oo ( Mine )
MOHS
==============================
အပူဒဏ္ေၾကာင့္ ျဖစ္လာႏိုင္သည့္ အႏၲရာယ္မ်ားႏွင့္ အေရးေပၚေရွးဦး ျပဳစုနည္းမ်ား
လက္ရွိကာလတြင္ ေႏြရာသီသို႔ ေရာက္ရွိလာၿပီး အပူခ်ိန္လည္း ျမင့္တက္လာၿပီျဖစ္ရာ အပူဒဏ္ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ အႏၲရာယ္မ်ားႏွင့္ အေရးေပၚေရွးဦး ျပဳစုနည္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။
အပူဒဏ္ေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း
- ဂနာမၿငိမ္ျခင္း၊
- ေခါင္းမူးေနာက္ျခင္း၊ ေခါင္းကိုက္ျခင္း
- ႂကြက္တက္ျခင္းႏွင့္ ႏုံးခ်ိေပ်ာ့ေခြျခင္း၊
- အလြန္အမင္းေရဆာျခင္း
- ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္ျခင္း
အပူဒဏ္ေၾကာင့္ သတိလစ္ျခင္း
- ခႏၶာကိုယ္အပူခ်ိန္အလြန္အကြၽံ ျမင့္တက္လာျခင္း
- အေရျပားပူ၍ေျခာက္ေသြ႕ျခင္း(သို႔) ေခြၽးခန္းေျခာက္ျခင္း
- ကေယာင္ကတမ္းျဖစ္ျခင္း
- သတိလစ္ျခင္း၊ တက္ျခင္း
အေရးေပၚေရွးဦးျပဳစုျခင္း
- လူနာကိုအရိပ္ရေအးျမေသာေနရာသို႔ ေ႐ႊ႕ထားပါ။
- ေလပန္ကာ၊ ေလေအးေပးစက္ ဖြင့္ထားေပးပါ။ မရွိပါက ယပ္ခတ္ေပးပါ။
- လူနာ၏ ေျခရင္းဘက္ကို ျမႇင့္ထားေပး၍ ပက္လက္အေနအထားျဖင့္ ထားပါ။
- လူနာ၏အဝတ္အစားမ်ားကို ခြၽတ္ပါ။
- လူနာ၏ လည္ပင္း၊ ခ်ိဳင္းႏွစ္ဖက္၊ ေပါင္ၿခံႏွစ္ဘက္တို႔ကို ေရပတ္တိုက္ပါ။
- လူနာ ေကာင္းစြာသတိရေနပါက ေရေအးေအး (သို႔) ဓါတ္ဆားရည္တိုက္ပါ။
အပူဒဏ္ေၾကာင့္ သတိလစ္ျခင္း ျဖစ္ပြားမည့္လကၡဏာမ်ား ေပၚေပါက္လာပါက နီးစပ္ရာ ေဆး႐ုံေဆးခန္းသို႔ ခ်က္ခ်င္း ပို႔ေဆာင္ပါ။
Su Mon Oo ( Mine )
MOHS