by Win MM Htay
ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာများအား အင်းယားစင်တာတွင် ထားရှိကုသနိုင်ရေးအတွက် ရန်ကုန်မြို့၊ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC) အား အင်းယားစင်တာအဖြစ် အောက်တိုဘာလ (၈)ရက်နေ့က ပြုပြင်ဆောက်လုပ် ပြီးစီးသွားကြောင်း သိရသည်။
ထိုစင်တာကို စက်တင်ဘာလ (၂၉)ရက်နေ့မှ စတင်၍ ပြုပြင်တည်ဆောက်ခဲ့ရာ (၁၀)ရက်အကြာတွင် ပြီးစီးခဲ့ခြင်း ဖြစ်ပြီး ယခု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အပ်နှံတော့မည် ဖြစ်သည်။
အင်းယားစင်တာသည် ခုတင်(၅၀၀)ဆံ့ အဆင့်မြင့် ကိုဗစ်စင်တာတစ်ခု ဖြစ်ပြီး ကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်စက် ပံ့ပိုးနိုင်သည့် ကုတင် (၁၀၀) ပါဝင်ကြောင်း သိရသည်။ စင်တာအတွင်းတွင်
စသည်တို့ ပါဝင်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက်လည်း စင်တာအပြင်ဘက်တွင် သီးခြားအခန်းများဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့အပြင် လူနာများအတွက် လိုအပ်မည့် အထူးဆေးဝါးများနှင့် အာဟာရ ပြည့်ဝစေရန်အတွက် နံနက်စာ၊ နေ့လယ်စာနှင့် ညစာများကို အခမဲ့စီစဉ်ပေးထားမည်ဖြစ်ပြီး ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ ဝန်ထမ်းများအတွက်လည်း (၂၄) နာရီ အစားအသောက် ကောင်တာများဖြင့် ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။
အင်းယားစင်တာသည် မြန်မာနိုင်ငံ၏ WHO Standard နှင့် အညီ အဆင့်မှီအောင် ဆောက်လုပ်ထားသော စင်တာကြီးတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း (၇၀၀၀) နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀၀)၊ စုစုပေါင်း ငွေကျပ်သိန်း (၁၀,၀၀၀) ကနဦးမတည်လှူဒါန်းမှုဖြင့် စတင်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Source : moi.gov.mm