Business Travel

တစ်ကမ္ဘာလုံး၌ အကောင်းဆုံးနိုင်ငံများအဖြစ် သတ်မှတ်ထားခြင်း ခံရသော နိုင်ငံ (၁၀) နိုင်ငံ

Read 1159 times

by Win May May Htay

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှု၊ နိုင်ငံရေး သွင်ပြင်လက္ခဏာနှင့် ကူးသန်း ရောင်းဝယ်ရေးအပေါ် အခြေခံ၍ နိုင်ငံအသီးသီးအပေါ် အခြေခံအဆင့် သတ်မှတ်ချက်များ ထားရှိပေသည်။

အမေရိကန်အခြေစိုက် သတင်းမီဒီယာတစ်ခု ဖြစ်သော usnews.com ၏ ကြေညာချက်အရ (၂၀၂၀) ပြည့်နှစ်အတွက် တစ်ကမ္ဘာလုံးတွင် အကောင်းဆုံးဖြစ်သော နိုင်ငံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နံပါတ် (၁) ဆွစ်ဇာလန်နိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၇၀၅.၅) ဘီလီယံ
လူဦးရေ - (၈.၅) သန်း

ဆွစ်ဇာလန်နိုင်ငံသည် ပြီးခဲ့သော (၂၀၁၇) ခုနှစ်ကတည်းက ကမ္ဘာ့အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် (၄) နှစ်ဆက်တိုက် သတ်မှတ်ထားခြင်း ခံရပြီး ယခု (၂၀၂၀) ပြည့်နှစ်အထိ နံပါတ် (၁) နေရာကို မပြောင်းမလဲ ဆက်လက် ထိန်းသိမ်းထားနိုင်သော နိုင်ငံ ဖြစ်သည်။

နံပါတ် (၂) ကနေဒါနိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၁.၇) ထရီလီယံ
လူဦးရေ - (၃၇.၇) သန်း

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သော ကနေဒါနိုင်ငံသည် ပြီးခဲ့သော (၂၀၁၉) ခုနှစ်က အဆင့်သတ်မှတ်ချက် (၃) နေရာတွင် တည်ရှိခဲ့ပြီး ယခု (၂၀၂၀) ပြည့်နှစ်တွင် အဆင့် (၂) နေရာသို့ တက်လှမ်းနိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

နံပါတ် (၃) ဂျပန်နိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၅) ထရီလီယံ
လူဦးရေ - (၁၂၆.၅) သန်း

အရှေ့တောင်အာရှမှ နိုင်ငံတစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် ယခု (၂၀၂၀) ပြည့်နှစ်အတွက် ကမ္ဘာ့အကောင်းဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် တတိယနေရာသို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သော (၂၀၁၉) ခုနှစ်ကမူ အဆင့်(၂) နေရာတွင် ရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်။

နံပါတ် (၄) ဂျာမနီနိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၄) ထရီလီယံ
လူဦးရေ - (၈၂.၉) သန်း

ဥရောပသမ္မဂတွင် လူဦးရေ အထူထပ်ဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စီးပွားရေးဈေးကွက်ကို ပိုင်ဆိုင်ထားသော ဂျာမနီနိုင်ငံသည် (၂၀၁၉) ခုနှစ်ကတည်းက ကမ္ဘာ့အကောင်းဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် နံပါတ်(၄)နေရာ ရရှိခဲ့ပြီး ယခု (၂၀၂၀) ပြည့်နှစ်အထိ မပြောင်းမလဲ တည်ရှိနေသော နိုင်ငံတစ်ခုလည်း ဖြစ်သည်။

နံပါတ် (၅) ဩစတြေးလျနိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၁.၄) ထရီလီယံ
လူဦးရေ - (၂၅)သန်း

တက်စမေးနီးယား ကျွန်းဆွယ်ကဲသို့ သာယာလှပသော ကျွန်းဆွယ်များ ပိုင်ဆိုင်ထားသော ဩစတြေးလျနိုင်ငံသည် ယခင် (၂၀၁၉) ခုနှစ်က ကမ္ဘာ့အကောင်းဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၇) နေရာ၌ ရပ်တည်ခဲ့ပြီး ယခု (၂၀၂၀) ပြည့်နှစ်တွင် အဆင့် (၅) အထိ တက်လှမ်းနိုင်ခဲ့သော နိုင်ငံ ဖြစ်သည်။

နံပါတ် (၆) United Kingdom
GDP - အမေရိကန်ဒေါ်လာ (၂.၅) ထရီလီယံ
လူဦးရေ - (၆၆.၅)သန်း

စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာပိုင်းနှင့် နိုင်ငံယဉ်ကျေးမှုတို့တွင် အတိုးတက်ဆုံး နိုင်ငံများထဲမှ တစ်ခုအပါအဝင်ဖြစ်သော UK သည် ယခု (၂၀၂၀) ခုနှစ်တွင် နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၆) နေရာအထိ တက်လှမ်းလျက်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။

နံပါတ် (၇) အမေရိကန်နိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၂၀.၅) ထရီလီယံ
လူဦးရေ - (၃၂၇.၂) သန်း

မြောက်အမေရိကတိုက်အတွင်း စီးပွားရေးနှင့် စစ်အင်အား အတောင့်တင်းဆုံး နိုင်ငံတစ်ခုဖြစ်သော အမေရိကန်သည် ယခု (၂၀၂၀)ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အဆင့်သတ်မှတ်ချက်တွင် အဆင့် (၇) အထိ တက်လှမ်းနိုင်ခဲ့ပြီး ပြီးခဲသော (၂၀၁၉) ခုနှစ်က အဆင့် (၈) နေရာတွင် ရပ်တည်ခဲ့သော နိုင်ငံတစ်ခုလည်း ဖြစ်သည်။

နံပါတ် (၈) ဆွီဒင်နိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၅၅၁) ထရီလီယံ
လူဦးရေ - (၁၀.၂)သန်း

ဥရောပသမဂ္ဂ တွင် ဧရိယာအနေဖြင့် တတိယအကြီးဆုံး နိုင်ငံဖြစ်သည့် ဆွီဒင်နိုင်ငံသည် (၂၀၂၀)ပြည့်နှစ်အတွက် အကောင်းဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် အဆင့်(၈)နေရာ၌ ရပ်တည်လျက်ရှိပြီး၊ ယမန်နှစ်ကမူ အဆင့် (၆) အထိ ရရှိခဲ့သည်။

နံပါတ် (၉) နယ်သာလန်နိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၉၁၃.၇) ဘီလီယံ
လူဦးရေ - (၁၇.၂) သန်း

နယ်သာလန်နိုင်ငံသည် ဥရောပတိုက်ရှိ၊ စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံငယ်လေးတခုဖြစ်ပြီး ကမ္ဘာအကောင်းဆုံနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် ယခင် (၂၀၁၉) ခုနှစ် အဆင့် (၁၁)မှ ယခု (၂၀၂၀) ပြည့်နှစ်တွင် နံပါတ်(၉)နေရာအထိ တက်လှမ်းရရှိခဲ့ခြင်း ဖြစ်သည်။

နံပါတ် (၁၀) နော်ဝေနိုင်ငံ
GDP - အမေရိကန်ဒေါ်လာ (၄၃၄.၈) ဘီလီယံ
လူဦးရေ - (၅.၃) သန်း

ဥရောပတွင် ဒုတိယမြောက် လူဦးရေ သိပ်သည်းမှု အနည်းဆုံး နိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံသည် ကမ္ဘာ့အကောင်းဆုံးနိုင်ငံ အဆင့်သတ်မှတ်ချက်တွင် ယခု (၂၀၂၀) ပြည့်နှစ်အတွက် အဆင့် (၁၀) နေရာမှ ရပ်တည်လျက်ရှိပြီး ယခင် (၂၀၁၉) ခုနှစ်ကမူ အဆင့် (၉) နေရာတွင် ရပ်တည်ခဲ့သည်။

Ref : www.usnews.com

Bookmark