ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၈၈၁) ဌာနမှ အာမခံအလုပ်သမား (၈၁,၇၃၂) ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၆,၀၀၁.၇၆၀) ကျပ်သန်းအား ခွင့်ပြုထုတ်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
အောက်တိုဘာလ (၅) ရက်နေ့တွင် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၃၁၃) ဌာနမှ အာမခံအလုပ်သမား (၃၃,၈၀၂) ဦးအတွက် ထောက်ပံ့ငွေ (၂,၃၆၂.၇၃၃) ကျပ်သန်း၊ အောက်တိုဘာလ (၈) ရက်နေ့တွင် လုပ်ငန်းဌာန (၅၆၈) ဌာနမှ အာမခံအလုပ်သမား (၄၇,၉၃၀) ဦး အတွက် ထောက်ပံ့ငွေ (၃,၆၃၉.၀၂၇) ကျပ်သန်း ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ > https://bit.ly/3jVy1PM
ထုတ်ပေးမည့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများ၏ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာ စက်ရုံများသို့ အကြောင်းကြားထားပြီး ဝန်ကြီးဌာန ဝက်ဆိုဘ်ဒ်တွင် လွှင့်တင်ထားကာ UMFCCI နှင့် အလုပ်သမား သမဂ္ဂများထံသို့လည်း အချိန်နှင့်တစ်ပြေးညီ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
ကျန်တောင်းခံလွှာများကိုလည်း ဘုတ်အဖွဲ့မှ ဆက်လက်စိစစ်၍ ကျန်ရှိသည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများအတွက် ထောက်ပံ့ငွေ ဆက်လက် ခွင့်ပြု ထုတ်ပေးသွားမည် ဖြစ်သည်။
အလုပ်သမားရုံးများ > https://bit.ly/377AXW7
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင် (သို့) အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ အလုပ်သမားများ လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံများကိုဖြစ်စေ လူမှုဖူလုံရေးအဖွဲ့ Webportal Website https://www.mol.gov.mm/mm/ မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်မည် ဖြစ်သည်။
ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းအတွင်း Stay At Home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား အောက်တိုဘာလ ပထမပတ်မှ စတင်၍ လူမှုဖူလုံရေး ထောက်ပံ့ငွေ (၄၀) ရာခိုင်နှုန်းကို ထုတ်ပေးနေခြင်း ဖြစ်သည်။
Photo: VOA
ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ရှိတယ်။
http://www.yangondirectory.com/