Yangon Trend

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း (၃) ခုတွင် ရထားတစ်စီးစီ တိုးချဲ့ပြေးဆွဲ

Read 721 times

နေ့စဥ်ပြေးဆွဲနေသော မြို့ပတ်ရထားများမှာ ရထားတွဲဆိုင်းနှင့် စီးနင်းသည့်ခရီးသည် မျှတမှု ရှိသော်လည်း အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing ဖြစ်စေရေးအတွက် မနက်ပိုင်းနှင့် ညနေပိုင်းရုံးချိန်ရထားများကို မေလ ၁၈ ရက်မှစ၍ ရန်ကုန်-လှော်ကား၊ အင်းစိန်- မဂ်လာဒုံ-ရန်ကုန်နှင့် ရန်ကုန်-တိုးကြောင်ကလေး- အုတ်ဖိုစုလမ်းပိုင်းများလမ်းပိုင်း(၃)ခုတွင် တစ်စီးစီ တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-လှော်ကားလမ်းပိုင်းတွင်

လှော်ကားမှ မနက်၀၇၂၀ နာရီ ထွက်ခွာပြီး ရန်ကုန်သို့ မနက်၉နာရီတွင် ရောက်ရှိပါမည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၆နာရီ ထွက်ခွာပြီး ​လှော်ကားသို့ ၇နာရီ ၄၀မိနစ်တွင်ရောက်ရှိပါမည်။

အင်းစိန်-မဂ်လာဒုံ-ရန်ကုန်လမ်းပိုင်းတွင်

အင်းစိန်မှ မနက် ၇နာရီ ၂၅မိနစ်နှင့် မဂ်လာဒုံမှ ၈နာရီ၁၀မိနစ်တို့တွင် ထွက်ခွာ၍ ရန်ကုန်သို့ ၉နာရီ ၁၅မိနစ်တွင် ရောက်ရှိပါမည်။

ညနေပိုင်းတွင် ရန်ကုန်မှ ၅နာရီ ၄၅မိနစ်တွင် ထွက်ပြီး မဂ်လာဒုံသို့ ညနေ ၆နာရီ၅၀ မိနစ်၊ အင်းစိန်သို့ ၇နာရီ ၃၅မိနစ်တွင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန်-တိုးကြောင်က လေး-အုတ်ဖိုစုလမ်းပိုင်း

အုတ်ဖိုစုမှ မနက် ၇နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ၉နာရီ ၁၀မိနစ်တွင် ရောက်ရှိပါမည်။ ညနေပိုင်းတွင် ရန်ကုန်မှ ၅နာရီ ၅၀မိနစ်တွင် ထွက်ခွာပြီး အုတ်ဖိုစုသို့ ၇ နာရီ၂၅ မိနစ်တွင် ရောက်ရှိမည် ဖြစ်ပါသည်။

ရထားအချိန်စာရင်း အသေးစိတ်အား သက်ဆိုင်ရာဘူတာများတွင် ကြေငြာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Transcom

==============================

ယနေ့မှစ၍ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း (၃) ခုတွင် ရထားတစ်စီးစီ တိုးချဲ့ပြေးဆွဲ






ညနေပိုင်းတွင် ရန်ကုန်မှ ၅နာရီ ၄၅မိနစ်တွင် ထွက်ပြီး မဂ်လာဒုံသို့ ညနေ ၆နာရီ၅၀ မိနစအင်းစိန်သို့ ၇နာရီ ၃၅မိနစ်တွင် ရောက်ရှိမည် ဖြစ်ပါသည်။





Transcom

Bookmark