Yangon Trend

စာဂျပိုးတွေအတွက် စိတ်အစာကျွေးနိုင်မယ့် ရန်ကုန်မြို့က စာကြည့်တိုက်

Read 1018 times

စိတ်ရဲ့ အကောင်းဆုံးအစာက အသိပညာ ဗဟုသုတပါပဲ။ လူတစ်ယောက်ရဲ့ အပြောအဆိုကိုကြည့်ရုံနဲ့ ဒီလူ့ရဲ့ အရည်အသွေးကိုကြည့်မြင်နိုင်ပါတယ်။ ဗဟုသုတတွေနဲ့ ပြည့်ဝနေတဲ့ လူတစ်ယောက်က ဘယ်နေရာရောက်ရောက် တင့်တယ်ပါတယ်။

May be an image of furniture and indoor

ဒါဆို စိတ်ကိုအစာကျွေးဖို့အတွက် အစာကောင်းတွေကို ဘယ်လိုရှာဖွေကြမလဲ။ ဒီအတွက် အဖြေကတော့ ရှင်းပါတယ်။ အားလပ်ချိန်တွေကို အလကားအကုန်ဆုံးမခံဘဲ အကျိုးကျိုးရှိရှိ အသုံးချပြီး စာဖတ်ခြင်းပါပဲ။ စာအုပ်စာပေ လူ့မိတ်‌ဆွေ ဆိုသလို စာပေက လူတို့အတွက် ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

စာအုပ်တွေဖတ်ရတာလည်း ကြိုက်တယ်။ စာအုပ်ဖိုးတွေ ဈေးကြီးမှာစိုးတယ်။ ဒါ့ကြောင့် စာအုပ်တွေစုံတဲ့ စာကြည့်တိုက်ကောင်းကောင်းလေးတွေကို လိုက်ရှာနေတဲ့သူတွေအတွက် သတင်းကောင်းရှိပါတယ်။

May be art of indoor

အခုလို မိုးရာသီက စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တန်ဖိုးရှိတဲ့ အချိန်ကာလလေးတစ်ခု ဖြစ်ပါတယ်။ ရာသီဥတု အေးအေးချမ်းချမ်းလေးမှာ စာအုပ်လေးတစ်အုပ်ကို ကော်ဖီတစ်ခွက်နဲ့ ဖတ်ရတဲ့ အရသာက ဘာဆိုဘာနဲ့မှ မလဲနိုင်တဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။

အခုကာလမှာ အပိုငွေတွေ မသုံးဘဲ စာအုပ်တွေဖတ်ချင်တဲ့ သူတွေအတွက် Yangon Book Plaza မှာ ဒီလိုခံစားချက်တွေကို အကုန်ခံစားရရှိနိုင်မယ့် အပြင် ရက်အကန့်အသတ်မရှိတဲ့ တစ်နေကုန် အဝဖတ် ကုန်ကျစားစရိတ် မြန်မာငွေ တပြားမှမကုန်တဲ့ အစီစဉ်ပါရှိနေပါသေးတယ်။

May be an image of indoor

စာဖတ်ပရိသတ်တွေအတွက် အဓိကရည်ရွယ်တဲ့ မြန်မာငွေ တပြားမှမကုန် မှာ စာဖတ်ဖို့နေရာတွေ အများကြီးရှိပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိပါတယ်။ ပတ်ဝန်းကျင်က တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး ဆိုင်ဖွင့်ချိန်က မနက် (၉) နာရီကနေ ညနေ (၅) နာရီထိဖြစ်ပါတယ်။

နောက်ပြီး Yangon Book Plaza မှာ စာလာဖတ်တဲ့သူတွေ သောက်ဖို့အတွက် ရေသန့်ဘူးတွေပါ ထားရှိပေးဦးမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်အပြင် ပန်းချီခန်းမလည်းရှိတဲ့အတွက် ပန်းချီခန်းမထဲမှာ ပန်းချီတွေခံစားရင်း စာအုပ်စာပေတွေကို ဖတ်ရှုနိုင်ပါတယ်။

Yangon Book Plaza ကိုရောက်ပြီဆိုတာနဲ့ ကိုယ်ဖတ်မယ့် စာအုပ်နာမည်တွေကို ငွေရှင်းကောင်တာမှာ အသိပေးရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ တနေကုန်စိတ်ကြိုက်ဖတ်ပါ။ ပြန်တဲ့အခါလည်း စာအုပ်တွေကို နေရာတကျပြန်ထားပေးစရာမလိုပါဘူး။ ငွေရှင်းကောင်တာကို ပြန်သွားအပ်ရုံပါပဲ။ 

Yangon Book Plaza | kategriffin.org

ဒီလောက်ကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ အေးအေးချမ်းချမ်း စာအုပ်တွေကိုဖတ်နိုင်မယ့် Yangon Book Plaza ရဲ့ တည်နေရာကတော့ ငါးလွှာ၊ သံစျေး၊ လမ်းမတော်၊ ရန်ကုန် (၁၇ လမ်း၊ သံစျေး ဝင်ပေါက်မှာ သီးသန့်ဓာတ်လှေကား ရှိပါတယ်) ဖြစ်ပါတယ်။ တကယ်လို့ စာအုပ်တွေကို ဝယ်ယူချင်တယ်ဆိုရင် ဖုန်း - ၀၉၇၆၇၀၁၉၉၂၆ ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။ 

Yangon Book Plaza မှာ စာအုပ်တွေဖတ်တဲ့အခါ စည်းကမ်းရှိရှိ ဖတ်ဖို့မှာချင်ပါတယ်။ ဒါမှ နောက်သွားတဲ့အခါကျရင်လည်း အမြဲတမ်း သန့်ရှင်းသပ်ရပ်နေမှာ ဖြစ်ပါတယ်။

No photo description available.

Bookmark