အချိန်ပိုင်းဖြင့် ပြန်လည်ဖွင့်လှစ်မည့် ရန်ကုန်တိုင်းရှိ ပန်းခြံနှင့် အားကစားကွင်းများ

Ads Ads Ads

ကိုဗစ်ကူးစက်ရောဂါကို ထိန်းချုပ်ဖို့အတွက် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အများပြည်သူသုံး ပန်းခြံနဲ့ အားကစားကွင်းတွေကို ဇန်နဝါရီ (၂၀) ရက်နေ့ထိ ပိတ်ထားခဲ့ရာမှ ပြည်သူတွေ အနားယူအပန်းဖြေနိုင်စေဖို့ အတွက် အချိန်ပိုင်းနဲ့ ပြန်လည်ဖွင့်လှစ်ပေးတော့မှာပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းတွေကို ဇန်နဝါရီ (၂၁) ရက်နေ့မှစပြီး အချိန်ပိုင်းအနေနဲ့ မနက်ပိုင်း ဖွင့်လှစ်ပေးထားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ တားဆီးနိုင်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာတွေဖြစ်တဲ့ ပြည်သူ့ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ပေါင်၊ ပန်းခြံများနှင့် အားကစားကွင်းတွေကို ကျန်းမာရေး ကိုယ်လက် လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရန် နေ့စဉ် နံနက် (၅) နာရီမှ နံနက် (၉) နာရီခွဲအထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

သို့သော် အများပြည်သူ အပန်းဖြေနေရာများနှင့် ပန်းခြံတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်များနဲ့ အညီ ဖွင့်လှစ်မှာပါ။

ရန်ကုန်ရှိ ပန်းခြံများအားလုံး ဇန်နဝါရီ ၁၀ ရက်နေ့အထိထပ်တိုး ပိတ်ထားမည် -  Vital News Now

လိုက်နာရမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အချက်တွေကတော့-

  1.  ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိပါက အများပြည်သူ အပန်းဖြေနေရာများ၊ ပန်းခြံများအတွင်းသို့ ဝင်ရောက်ခွင့်‌မပြုရန်၊
  2.  အများပြည်သူ အပန်းဖြေနေရာများနှင့် ပန်းခြံများအတွင်း ပါးစပ်နှင့် နှာခေါင်းစည်းကို အမြဲတပ်ဆင်ထားရန်။ မိမိနေအိမ်သို့ ရောက်ရှိမှသာလျှင် ပါးစပ်နှင့် နှာခေါင်းစည်းကို ချွတ်ရန်၊
  3.  ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည့် ကိုဗစ်-၁၉  သံသယလက္ခဏာ တစ်ခုခုကို ခံစားနေရသူများ၊ လွန်ခဲ့သည့် (၁၄) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ခြင်းရှိသူများအနေဖြင့် အများပြည်သူ အပန်းဖြေနေရာများသို့ လာရောက်ခြင်း လုံးဝ လာရောက်ခြင်းမပြုရန်၊
  4.  အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ကင်ဆာ စသည့် နာတာရှည်ရောဂါရှိသူများအနေဖြင့် အများပြည်သူ အပန်းဖြေ နေရာများသို့ လာရောက်ခြင်းမပြုရန်၊ မဖြစ်မနေ လာရောက် သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် တွဲဖက်၍ မျက်နှာကာများကိုပါ တပ်ဆင်ရန်၊
  5.  အခြားသူများနှင့် တတ်နိုင်သမျှ ၆ ပေအကွာ ခပ်ခွာခွာနေထိုင်သွားလာရန်၊
  6.  အများပြည်သူ အပန်းဖြေနေရာများတွင် စုဝေးစားသောက်ခြင်း လုံးဝရှောင်ကြဉ်ရန်၊ လူအများ ဝိုင်းဖွဲ့၍ ကျယ်လောင်စွာ စကားပြောဆိုခြင်းနှင့် သီချင်းဆိုခြင်းများ ရှောင်ကြဉ်ရန်၊
  7.  အပန်းဖြေနေရာများတွင် အများသုံးပစ္စည်းများကို တတ်နိုင်သမျှ မကိုင်တွယ်ရန်၊ မဖြစ်မနေ ကိုင်တွယ်ပါက မကိုင်တွယ်မှီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေအသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် ၂၀ အကြာ စနစ်တကျ ဆေးကြောရန် (သို့မဟုတ်) အယ်ကိုဟောလ် (၆၀%) နှင့် အထက်ပါဝင်သော ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုရန်၊
  8.  အများပြည်သူ အပန်းဖြေနေရာများတွင် အနည်းငယ်ပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်မည်ဆိုပါက တစ်ဦးနှင့် တစ်ဦးအနည်းဆုံး ၈ ပေ အကွာခွာ၍ ဆောင်ရွက်ရန်၊
  9.  အမှိုက်များကို သတ်မှတ်အမှိုက်စွန့်ပစ်ရန်နေရာများ၊ အဖုံးပါသော အမှိုက်ပုံးများအတွင်းသို့ စနစ်တကျ စွန့်ပစ်ရန် နှင့်
  10.  ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် လူတိုင်း၊ မိသားစုတိုင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး အသိပေး၊ သတိပေးကြရန် စတဲ့ အချက်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ပြင်ဆင်မှုတွေကို အစဉ်မပျက် စီစဉ်လျက်ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ချက်တွေကို စနစ်တကျလိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

7Day News | ရန်ကုန်တိုင်းအတွင်းရှိပန်းခြံနှင့် ကစားကွင်းများအား  အချိန်ပိုင်းပြန်ဖွင့်ခွင့်ပြု

Photo Credit

Yangon Trend Read 472 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
Valid Until 01 July, 2021
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
Valid Until 01 July, 2021