ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေး ဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ပံ့ ကူညီလျက် ရှိသည်။
ကုလသမဂ္ဂ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ စီမံခန့်ခွဲမှုဖြင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လေကြောင်းပျံသန်းမှု အကူအညီ အစီအစဉ်ကို မေ (၁၀) ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယင်းအစီအစဉ်အရ ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်ပြီး ယခုလာရောက်ခြင်းသည် (၂၄) ကြိမ်မြောက် ခရီးစဉ် အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။
ထိုသို့ ကူညီရာတွင် ဆေးရုံသုံး လက်အိတ်များနှင့် လူသားချင်း စာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီ ဆောင်ရွက်ပေးမည့် ကျွမ်းကျင် ဝန်ထမ်းများ တင်ဆောင်လာသော အထူးလေယာဉ်သည် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ယခု လာရောက် ကူညီရန် မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ တုံ့ပြန်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး WHO က ဝယ်ယူထားသည့် တစ်ကိုယ်ရေသုံး ကာကွယ်ရေး ပစ္စည်းများအား သယ်ဆောင် လာခဲ့ကြောင်း ပြောကြားထားသည်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ထောက်ပံ့ကူညီမည့် ဆေးရုံသုံး လက်အိတ်အစုံ (၄၃,၀၀၀) နှင့်အတူ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် JICA , ICRC , UKAID စသည့် အဖွဲ့အစည်းများမှ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင် ဝန်ထမ်းများ လိုက်ပါလာကြသည်။
Ref: Mrtv news