ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲ၊
ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
နောက် (၂) ရက်အတွက် ခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်အဖြစ်သို့ အားလျော့သွာခဲ့သည်။
မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (ဩရိဿ)၏ တောင်ဘက် ရေမိုင် (၂၄၀) မိုင်ခန့်၊ ဒီဂါမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၂၀) မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၉၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၅၀) မိုင်ခန့်နှင့် ဂွမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၅၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
မြန်မာ့ပင်လယ်ပြင်
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၆)ပေ ခန့်ရှိနိုင်ပါသည်။
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀) ပေခန့် ရှိနိင်ပါသည်။
မိုးဇလ
==============================
တိုင္းႏွင့္ ျပည္နယ္အားလုံးတြင္ မုန္တိုင္းအရွိန္ေၾကာင့္ မိုးဆက္လက္ ႐ြာသြန္းမည္
ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား၊
စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္
ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တို႔တြင္ ေနရာက်ဲက်ဲ၊
ပဲခူးတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။
ေနာက္ (၂) ရက္အတြက္ ခန္႔မွန္းခ်က္မ်ားအရ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။
ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ပါသည္။
ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။
မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ပါသည္။
ဘဂၤလားပင္လယ္ေအာ္အေျခအေန
ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၂:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းတြင္ ျဖစ္ေပၚ ေနေသာ စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္သည္ အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းအမ္ဖန္အျဖစ္သို႔ အားေလ်ာ့သြာခဲ့သည္။
ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ကာ၊ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (ဩရိႆ)၏ ေတာင္ဘက္ ေရမိုင္ (၂၄၀) မိုင္ခန႔္၊ ဒီဂါၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၃၂၀) မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ကမ္ပူပါရာၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၃၉၀) မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ပုသိမ္ၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ (၄၅၀) မိုင္ခန႔္ႏွင့္ ဂြၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ (၄၅၀) မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနသည္။
ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းႏွင့္ အေနာက္ေျမာက္ပိုင္းတို႔တြင္ တိမ္ထူထပ္ေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနသည္။
ျမန္မာ့ပင္လယ္ျပင္
ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးရာမွ လႈိင္းအလြန္ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ ေျမျပင္ေလသည္ တစ္နာရီလွ်င္ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၆)ေပ ခန္႔ရွိႏိုင္ပါသည္။
မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီ လွ်င္ (၃၅)မိုင္မွ မိုင္ (၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈)ေပမွ (၁၀) ေပခန္႔ ရွိနိင္ပါသည္။
မိုးဇလ