အားကစား သမားတွေ ကိုရိုနာဗိုင်းရပ်စ် ကူးတယ်ဆိုပေမယ့် နှစ်ပတ်လောက်ဆို ပြန်ကောင်းသွားကြတာ ကြားကြမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လေ့ကျင့်ခန်းတွေ စနစ်တကျလုပ်တဲ့အပြင် အစားအသောက်ကို စနစ်တကျစားလို့ပါပဲ။
ကျွန်တော်တို့တွေလည်း မတော်တစ်ဆ ကူးစက်လာပြီဆိုရင် ကိုယ်ခံအားကောင်းဖို့လိုတာမို့လို့ ဘယ်ဓာတ်တွေ ကိုပါဝင်အောင် အောင်စားရမလဲဆိုတာပြောပြပေးသွားမှာပါ။
Vitamin A
သူက ခန္တာကိုယ်တွင်းက အစာခြေစနစ်နဲ့ အသက်ရှုလမ်းကြောင်းကို အားကောင်းအောင် ပိုမိုကူညီပေးပါတယ်။ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ခါကြက်ဥ(မုန်လာဥနီ)၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီ၊ အနီရောင် ငရုတ်ပွတို့ပဲဖြစ်ပါတယ်။
Vitamin C
ကိုဗစ်ဖြစ်နေတဲ့လူနာတွေတောင် Vitamin C ဆေးပြားကိုနေ့တိုင်းသောာက်ခိုင်းတာ သိကြမှာပါ။ ဗီတာမင်စီ ဟာ ခန္တာကိုယ်တွင်းက ကိုယ်ခံအားကို မြှင့်တက်စေပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငရုတ်သီး၊ ခရမ်းချဥ်သီး ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ် တို့ပဲ ဖြစ်ပါတယ်။
Vitamin E
သူကတော့ မျက်စိကို အားကောင်းစေတဲ့ သတ္ထုဓာတ်ပဲ ဖြစ်ပါတယ်။ UV လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကနေဖြစ်တဲ့ အရေပြားပျက်စီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင် အီး အဓိကပါဝင်တဲ့ အစားအစာတွေကတော့ ဟင်းသီးဟင်းရွက်ဆီ၊ အခွံမာ အသီးတွေဖြစ်တဲ့ မြေပဲ၊ ဗာဒံစေ့ ၊ နေကြာစေ့တို့ပဲ ဖြစ်ပါတယ်။
Zinc
သံဓာတ်လို့ခေါ်ကြပြီးတော့ ဘတ်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်တဲ့အခါ ကူညီပေးပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အရာတွေကတော့ ပဲအမျိုးမျိုး ၊ အမဲသား ၊ အစေ့အဆန်တွေပဲ ဖြစ်ပါတယ်။
ဒီလိုဆိုရင်တော့ ကိုဗစ်ကို တိုက်ထုတ်နိုင်အောင်နဲ့ ကိုယ်ခံအားကောင်းအောင် ဘာတွေစားရမလဲ သိသွားလောက်ပြီလို့ထင်ပါတယ်နော် ။
By Aung Myo Hein