Careers & Jobs

UMFCCIမှ ဦးဆောင်၍ ရန်ကုန်တိုင်းရှိ မြို့အချို့တွင် သားငါး၊ ကုန်စိမ်းများ လှည့်လည်ရောင်းချပေးမည်

Read 837 times

photo from Myanmar Digital News

၂၆ရက် စက်တင်ဘာလမှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များတွင် သား၊ ငါး၊ ကုန်စိမ်းများနှင့် အခြေခံ စားသောက်ကုန်များအား လှည့်လည် ရောင်းချပေးသွားမည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ လူမှုကွန်ရက် စာမျက်နှာတွင် ကြေညာချက်အရ သိရသည်။ 

၎င်းအစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူးပြီး

  • ရန်ကုန်မြို့နေ ပြည်သူအများ ဈေးနှုန်း သက်သာစွာဖြင့် အခြေခံ စားသောက်ကုန်များအား ဝယ်ယူစားသုံး နိုင်စေရေး၊ 
  • ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ 
  • သန့်ရှင်း လတ်ဆတ်သော သားငါး စားသောက်ကုန်များအား မိမိတို့ရပ်ကွက် အတွင်း ဝယ်ယူရရှိ နိုင်စေရေး 

စသည့် ရည်ရွယ်ချက်များဖြင့်  ညီနောင် လုပ်ငန်းရှင် အသင်းများမှ မြို့နယ်၊ ရပ်ကွက်များ အရောက် လှည့်လည် ရောင်းချ ပေးသွားမည်ဟု သိရသည်။ 

  • ၎င်း အစီအစဉ်အတွက် ကနဦး စမ်းသပ်ကာလ အဖြစ် စက်တင်ဘာလ ၂၆ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ ရန်ကင်းမြို့နယ်ရှိ ရွှေအုန်းပင်အိမ်ရာ၊ ရွှေအင်ကြင်း အိမ်ရာများ၊ 
  • ဒဂုံမြောက် မဟာမြိုင်အိမ်ရာ၊ 
  • တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက် အာသောက၊ ကျားကွက်သစ်လမ်း၊ 
  • အောင်မဂ်လာလမ်း နှင့် အောင်မဂ်လာအိမ်ရာ၊
  • သီတာလမ်း၊ တာမွေ မအူကုန်း စသည့် မြို့နယ်များသို့ လှည့်လည်ရောင်းချ ပေးခဲ့ပြီးဖြစ်ပြီး၊

ညနေပိုင်းတွင်မူ 

  • ရန်ကင်း ကံဘဲ့ စည်ပင်အိမ်ရာဝင်း၊ 
  • လယ်ဆည် ဝန်ထမ်းအိမ်ရာ၊ 
  • ဟိုတယ် ခရီးသွား ဝန်ထမ်းအိမ်ရာ၊ 
  • တာမွေကြီး၊ 
  • တာမွေလေး၊ 
  • မြောက်ဒဂုံ ဗိုလ်ဘထူးအိမ်ရာနှင့်
  • မြောက်ဒဂုံ မြို့နယ်အတွင်း လမ်းမကျယ်များ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင် သာယာရေးတို့၏ စီမံခန့်ခွဲမှုဖြင့် စတင်ရောင်းချ ခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် (၂၇-၁၀-၂၀) ရက်နေ့တွင်လည်း အောက်ပါ အချိန်စာရင်းများအတိုင်း ရောင်းချပေးသွားမည် ဖြစ်သည်။ 

တောင်ဒဂုံမြို့နယ် 

နံနက် (၇ မှ ၈:၃၀) နာရီ - (၁၈) ရပ်ကွက်၊ စည်ပင်လမ်း ဂိတ်ဟောင်းလမ်းဆုံ။
နံနက် (၉ မှ ၁၀:၃၀ နာရီ) - (၁၇) ရပ်ကွက် ဗန္ဓုလအိမ်ရာဝင်း။

ဒဂုံဆိပ်ကမ်းမြို့နယ် 

နံနက် (၇ မှ ၈:၃၀) နာရီ - (၆၀) (၆၁) ရပ်ကွက်၊ ရတနာလမ်း၊ နှင်းဆီအိမ်ရာ။
နံနက် (၉ မှ ၁၀:၃၀) နာရီ - (၆၇) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ ချမ်းသာကွန်ဒို။ 

အရှေ့ဒဂုံ မြို့နယ်

နံနက် (၇ မှ ၈:၃၀) နာရီ - ကျန်စစ်သား အိမ်ရာ၊ (၇) ရပ်ကွက် နှင့် (၁၁၀) ရပ်ကွက်။
နံနက် (၈:၁၅ မှ ၉:၀၀ နာရီ) - ကုန်ပဒေသာ လမ်းဆုံအနီး၊ အနော်ရထာ တပင်ရွှေထီး လမ်းဆုံ (၉) (၁၀) ရပ်ကွက်။
နံနက် (၉:၁၅ မှ ၁၀:၀၀ နာရီ) - (၇)(၈) လမ်းဆုံ၊ အနော်ရထာလမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်၊ (၅) ရပ်ကွက်။

ဒေါပုံမြို့နယ်

နံနက် (၇ မှ ၈:၀၀) နာရီ - ပေ (၈၀) လမ်း၊ ဓမ္မာရုံအနီး ဇေယျာသီရိ ရပ်ကွက်။
နံနက် (၈ မှ ၉) နာရီ - သီတာနွယ်လမ်းနှင့် ပဒုမ္မာလမ်းဒေါင့် နွယ်အေးရပ်ကွက်။

သာကေတမြို့နယ်

နံနက် (၇ မှ ၈:၃၀) နာရီ - ရှုခင်းသာ အိမ်ရာဝင်း၊ ဇီဇဝါလမ်း၊ ရှုခင်းသာ။
နံနက် (၈:၃၀ မှ ပြီးဆုံးသည်အထိ) - တက်လမ်း အိမ်ရာရှေ့၊ ရတနာလမ်း၊ ၁၀/ တောင်ရပ်ကွက်။ 

ဗိုလ်တထောင်မြို့နယ် 

နံနက် (၇ မှ ၈:၃၀) နာရီ - လမ်း၅၀ အိမ်ရာ၊ (၅၁) လမ်း နှင့် (၅၀) လမ်း၊ မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား။နံနက် (၈:၃၀ မှ ၉း၃၀) နာရီ - ဗိုလ်ချုပ်လမ်း၊ သိမ်ဖြူနှင့် ဗိုလ်မြတ်ထွန်းကြား၊ (၁၀) ရပ်ကွက်။ 

နေ့စဥ် ရောင်းချသွားမည့် အစီအစဥ်များအား ကုန်သည်စက်မှု အသင်းချုပ်၏ လူမှုကွန်ရက် စာမျက်နှာမှ လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရုံးများမှ လည်းကောင်း၊ ရပ်ကွက် အုပ်ချုပ်ရေး ရုံးများမှ အများပြည်သူ သိရှိစေရန် ကြေညာ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်လီ ရောင်းချပေးမည့် စားသောက်ကုန်များမှာ 

  • ကြက်သား(CP)၊ 
  • ဝက်သား၊ 
  • အမဲသား၊
  • ဆိတ်သား၊ 
  • အသင့်ထုပ်ပိုးပြီး ရေချို/ ရေငံ ငါးအမျိုးမျိုး၊ 
  • ကြက်ဥ၊ 
  • ဘဲဥ၊ 
  • ဟင်းသီး ဟင်းရွက် မျိုးစုံ

စသည်တို့ ဖြစ်ပြီး ချိုသာသော ဈေးနှုန်းများဖြင့် လူတန်းစား မရွေး ဝယ်ယူနိုင်မည့် အလေးချိန် အရွယ်အစားများကို ဈေးကားများဖြင့် လက်လီ လှည့်လည် ရောင်းချပေးသွားမည် ဟု သိရသည်။

Ref : UMFCCI Facebook Page

 

Bookmark