မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၁၁) ရက်၊ ယနေ့ထုတ်ပြန်ထားသော မြန်မာတစ်နိုင်ငံလုံး၏ မိုးလေဝသ အခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။
ယနေ့ညနေအထိ ခန့်မှန်းချက်
ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်
လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
နောက် (၂) ရက်အတွက်ခန့်မှန်းချက်
တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။
Su Mon Oo ( Mine )
မိုးဇလ
==============================
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ယခုရက်ပိုင်း ရာသီဉတု သာယာမည်
မန္တလေးအပါအဝင် မြန်မာတစ်နိုင်ငံလုံး၏ မိုးလေဝသ အခြေအနေများ
မြန်မာ့ပင်လယ်ပြင်
Su Mon Oo ( Mine )
မိုးဇလ