Travel Yangon Trend

မြို့ပတ်ရထားလမ်း အပြင်လမ်းအား ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် မြို့ပတ်ရထားအချိန်စာရင်း ပြောင်းလဲမည

Read 833 times

တစ်ဆက်တည်း ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပုရွက်ဆိပ်ကုန်းဘူတာမှ ပုဇွန်တောင်ဘူတာအထိ မြို့ပတ်ရထားလမ်း အပြင်လမ်းအား ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်သည်။

မြို့ပတ်ရထားလမ်းအဆင့်မြှင့် ပြုပြင်မှုများကို လမ်းပိုင်းပြောင်းလဲ၍ ပြုပြင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် မြို့ပတ်ရထားအချိန်စာရင်းကိုလည်း ပြောင်းလဲပြေးဆွဲသွားမည် ဖြစ်ပါသည်။

ျမန္မာ့မီးရထား၏ ခရီးစဥ္လမ္းေၾကာင္းႏွင့္ လတ္မွတ္ေစ်းနွုန္းမ်ား

မြို့ပတ်ရထားစီးပြည်သူများ သိရှိနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ရထားအချိန် စာရင်းကို အချိန်မှီ ကြေငြာပေးသွားမည် ဖြစ်ပါသည်။

ထို့ပြင် အမှတ်(၇) ရန်ကုန်တိုင်းဒေသကြီး လက်ထောက်မန်‌နေဂျာ ဦးကျော်မျိုးလွင်က‘‘လက်ရှိမြေပေါ်သွားတဲ့ မြို့ပတ်လမ်းကိုအဆင့်မြှင့်ပြီး ရထားတွဲဆိုင်း အသစ်တွေနဲ့ပြေးဆွဲမယ်။ စီမံကိန်းမစတင်မီ မြို့ပတ်ရထားခရီးသွား ကိုးသောင်းနီးပါးရှိပြီး အဆင့်မြှင့်တင်နေတဲ့အချိန်မှာ ခရီးသွား ငါးသောင်းပဲရှိပါတယ်။ ဒီမြို့ပတ်ရထားလမ်းစီမံကိန်းပြီးသွားရင် ခရီးသွား နှစ်သိန်းခွဲပို့ဆောင်နိုင်ဖို့ ရည်မှန်းပြီး ဆောင်ရွက်နေတာပါ” ဟု ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုတွင် တညင်းကုန်း-အင်းစိန်လမ်းပိုင်း၊ အင်းစိန်-ကြည့်မြင်တိုင်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီး ထိုအနောက်ခြမ်းတွင် ကြည့်မြင်တိုင်-ဘုရားလမ်းဘူတာအတွင်းလမ်းပိုင်း ပြီးစီးကာ အပြင်လမ်းပိုင်းပြီးစီးပါက ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ခြမ်းအားလုံး အဆင့်မြှင့်တင်မှု ပြီးစီးမည်ဖြစ်သည်။

ရန္ကုန္- မႏၱေလး အပါအဝင္ ရထားခရီးစဥ္ ( ၅ ) ခု၏ ထြက္ခြာခ်ိန္နွင့္ ဆိုက္ေရာက္ခ်ိန္မ်ား

May Thu Thu ( Yangon Directory )
Source; ျမန္မာ့မီးရထား

(Zawgyi)

တစ္ဆက္တည္း ေဖေဖာ္ဝါရီလဆန္းပိုင္းတြင္ ပု႐ြက္ဆိပ္ကုန္းဘူတာမွ ပုဇြန္ေတာင္ဘူတာအထိ ၿမိဳ႕ပတ္ရထားလမ္း အျပင္လမ္းအား ျပဳျပင္ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

ၿမိဳ႕ပတ္ရထားလမ္းအဆင့္​ျမႇင့္ ျပဳျပင္မႈမ်ားကို လမ္းပိုင္းေျပာင္းလဲ၍ ျပဳျပင္ေဆာင္႐ြက္ရမည္ျဖစ္သျဖင့္ ၿမိဳ႕ပတ္ရထားအခ်ိန္စာရင္းကိုလည္း ေျပာင္းလဲေျပးဆြဲသြားမည္ ျဖစ္ပါသည္။

ၿမိဳ႕ပတ္ရထားစီးျပည္သူမ်ား သိရွိႏိုင္ေရးအတြက္ ျမန္မာ့မီးရထားမွ ရထားအခ်ိန္ စာရင္းကို အခ်ိန္မွီ ေၾကျငာေပးသြားမည္ ျဖစ္ပါသည္။

ထို႔ျပင္ အမွတ္(၇) ရန္ကုန္တိုင္းေဒသႀကီး လက္ေထာက္မန္‌ေနဂ်ာ ဦးေက်ာ္မ်ိဳးလြင္က‘‘လက္ရွိေျမေပၚသြားတဲ့ ၿမိဳ႕ပတ္လမ္းကိုအဆင့္ျမႇင့္ၿပီး ရထားတြဲဆိုင္း အသစ္ေတြနဲ႔ေျပးဆြဲမယ္။ စီမံကိန္းမစတင္မီ ၿမိဳ႕ပတ္ရထားခရီးသြား ကိုးေသာင္းနီးပါးရွိၿပီး အဆင့္ျမႇင့္တင္ေနတဲ့အခ်ိန္မွာ ခရီးသြား ငါးေသာင္းပဲရွိပါတယ္။ ဒီၿမိဳ႕ပတ္ရထားလမ္းစီမံကိန္းၿပီးသြားရင္ ခရီးသြား ႏွစ္သိန္းခြဲပို႔ေဆာင္ႏိုင္ဖို႔ ရည္မွန္းၿပီး ေဆာင္႐ြက္ေနတာပါ” ဟု ေျပာၾကားသည္။

ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္းအဆင့္ျမႇင့္တင္မႈတြင္ တညင္းကုန္း-အင္းစိန္လမ္းပိုင္း၊ အင္းစိန္-ၾကည့္ျမင္တိုင္လမ္းပိုင္းတို႔ ၿပီးစီးခဲ့ၿပီး ထိုအေနာက္ျခမ္းတြင္ ၾကည့္ျမင္တိုင္-ဘုရားလမ္းဘူတာအတြင္းလမ္းပိုင္း ၿပီးစီးကာ အျပင္လမ္းပိုင္းၿပီးစီးပါက ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းပိုင္း အေနာက္ျခမ္းအားလုံး အဆင့္ျမႇင့္တင္မႈ ၿပီးစီးမည္ျဖစ္သည္။

Bookmark