ပျော်ရွှင်စရာ သောကြာနေ့လေးပါ ဘော်ဒါတို့ရေ။ လစာထုတ်ကာစရက်လည်းဖြစ်၊ TGIF လည်း ဖြစ်နေလို့ သူငယ်ချင်းတွေစုံရင်း အပျော်ကြီးပျော်နေကြမယ့် ဘော်ဒါတွေအတွက် အမိုက်စားသတင်းကောင်းတစ်ခုကို ပြောပြပေးချင်ပါတယ်။
ဒါကတော့ TGIF နဲ့ Weekend တွေအတွက် Promotion တွေ ပေးထားကြတဲ့ ဘားတွေအကြောင်း ဖြစ်ပါတယ်။ ဆိုင်နာမည်လေးတွေကို တစ်ခုချင်းရွေးရင်း အသွားချင်ဆုံးဆိုင်ကို ရှာဖို့ သေချာလေး ဖတ်သွားပေးနော်။
၁။ 7th Joint Bar & Grill
ဒီဆိုင်လေးကတော့ လူငယ်တော်တော်များများ ထိုင်ဖူးကြမယ်လို့ ထင်ပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး အဖွဲ့လိုက်သောက်လို့ကောင်းတဲ့ ဆိုင်လေးတွေထဲက တစ်ဆိုင်လည်း ဖြစ်ပါတယ်။ TGIF နဲ့ Weekends တွေအပြင် Daily Promotion တွေလည်း ပေးထားတာမို့ သွားသင့်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။
သူ့ရဲ့ Promotion တွေက -
ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့
Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၂။ Regional Bistro Bar
ဒီဆိုင်လေးက Drinks အစုံအလင် ရပြီး Table Fees, Entrance Fees လုံးဝမရှိတဲ့အပြင် ဆိုင်ဖွင့်ချိန်ကလည်း မနက် ၃ နာရီအထိ ဆိုတော့ ရုံးဆင်းချိန်နောက်ကျတတ်သူတွေ၊ ဘားကို အကြာကြီးထိုင်ချင်သူတွေနဲ့ အိမ်မပိုင်လို့ အမူးပြေမှ အိမ်ပြန်ရမယ့်သူတွေအတွက် အတော့်ကို အဆင်ပြေစေမယ့် ဆိုင်လေးပါ။(လတ်တလောမှာတော့ Covid 19 ကို ကာကွယ်တဲ့အနေနဲ့ ဆိုင်ဖွင့်ချိန်၊ ဆိုင်ပိတ်ချိန်တွေကို ပြောင်းလဲထားပါတယ်။)
သူ့ရဲ့ Promotion တွေက -
ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့
Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၃။ Colony Bar & Bistro
ဒီဆိုင်လေးကတော့ ကျောက်မြောင်းဆိုင်ခွဲမှာ ပရိုမိုးရှင်းမရှိပေမယ့် သာကေတဆိုင်ခွဲမှာတော့ ပရိုမိုးရှင်းတွေ ပေးထားတဲ့ ဆိုင်လေးပါနော်။ ဈေးနှုန်းသင့်တင့်ပြီး Restaurant Type လေးမို့ Bar Sense မကြိုက်သူတွေအတွက်တော့ ထိုင်လို့ကောင်းမယ့် ဆိုင်လေးပါပဲ။
သူ့ရဲ့ ပရိုမိုးရှင်းတွေက -
ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့
Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၄။ The Palm Bar & Restaurant
ဒီဆိုင်လေးကတော့ ရန်ကုန်မြို့ရဲ့ Downtown View ကို ကြည့်ရင်း တစ်နေ့တာ Stress တွေကို ဖြေလျှော့ဖို့ အကောင်းဆုံးဖြစ်တဲ့ Rooftop Bar လေးပဲ ဖြစ်ပါတယ်။
သူ့ရဲ့ Promotion တွေကတော့ -
ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့
Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
၅။ Cheers Bar & BBQ
ဒီဘားလေးရဲ့ ပရိုမိုးရှင်းလေးကတော့ ထူးထူးခြားခြားပါပဲ။ အပတ်စဉ် သောကြာနေ့တိုင်းမှာ မြန်မာငွေ ၁ ကျပ်တန် တစ်ရွက်ထဲနဲ့ Jagermeister တွေ Shisha အိုးတွေ ဝယ်ယူလို့ ရမယ့် အစီအစဉ် ဖြစ်ပါတယ်။ ညနေ ၆ နာရီမှ ၈ နာရီအတွင်း ပထမဆုံး ဝယ်ယူသော ၁၀ ဝိုင်းကိုသာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၁ ကျပ်တန် စုတတ်တဲ့ ဘော်ဒါတွေအတွက် ကွက်တိပါပဲ။
ဆိုင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ဆိုင်ဖွင့်ချိန်တွေကိုတော့
Link လေးကို နှိပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
WMMH (Mizzy)