Food & Drinks Yangon Trend

ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး လက်ဖက်ရည်ဆိုင်များ

Read 1936 times

လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ ရန်ကုန်မြို့ကလူထုကြားထဲမှာ ကိုလိုနီခေတ်လောက်ထဲက စတင် ခေတ်စားလာခဲ့တာ ဖြစ်ပါတယ်။

စဖွင့်ခါစကတော့ အိန္ဒိယလူမျိုးဆိုင်တွေပဲ ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒီအလေ့အထဟာ မြန်မာ့ လူမျိုးတွေကြားမှာ ရိုးရာတစ်ခုလို ဖြစ်လာခဲ့တာ ယနေ့ခေတ်ထိတိုင်အောင်ပါပဲ။

လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ အကြောင်းတွေ ဝေဖန်လေကန်ရာကနေ ယနေ့ခေတ်မှာဆို Mobile Game တွေတူတူ ဆော့ကြတဲ့ နေရာတစ်ခုလည်း ဖြစ်လို့လာပါပြီ။ ရန်ကုန်မြို့ရဲ့  နာမည်ကြီး လက်ဖက်ရည်ဆိုင်တွေကို အောက်မှာ ဆက်ပြီး ကြည့်ရှုပေးပါဦးနော်။

 

  • Lucky Seven Tea Shop

ဖွင့်လာတာ သက်တမ်း (၁၀) နှစ်ကျော်ရှိပြီး ဆိုင်ခွဲတွေ အများကြီးရှိတဲ့ နာမည်ကြီးဆိုင်တစ်ဆိုင်ပါ။  မနက်စာကောင်းကောင်းတွေ ရတတ်ပြီးတော့ ဝန်ထမ်းတွေရဲ့  ဆက်ဆံရေးကောင်းတာတွေကြောင့် ရန်ကုန်ကလူတွေ သာမကပဲ နိုင်ငံခြားသားတွေတောင် ကြိုက်တတ်ကြတဲ့ဆိုင်ပါ။ 

ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၄၉ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိပါတယ်။

 

  • သန်းကြွယ် Tea House 

ဒီဆိုင်လေးကတော့ Plating လည်းကောင်း Decoration လည်း ကောင်းတော့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ပါကင်လည်း ကျယ်တာမို့ ကားနဲ့သွားတဲ့သူတွေ အတွက်လည်းအဆင်ပြေစေမှာပါ။ ဆိုင်ခွဲတွေ အများကြီးရှိတဲ့ အပြင် ရှမ်းခေါက်ဆွဲ၊ ထမင်းကြော်၊ ဒင်းဆမ်း၊ အိန္ဒိယ အစားအစာတွေကိုပါ ဆိုင်ခွဲတိုင်းမှာ ရရှိနိုင်ပါတယ်။ 

လိပ်စာလေးကတော့ ကြည့်မြင်တိုင်လမ်းမှာ တည်ရှိပါတယ်။ 

 

  • မဟာရန်ကုန် Tea Shop 

ဒီဆိုင်ကလေးကလည်း ဒင်းဆမ်းတွေ၊ အသုပ်တွေ စတဲ့ မနက်စာ  အစုံအလင်ရတာမို့လို့ ထိုင်တဲ့သူတွေအကြိုက်တွေ့စေမှာပါ။ အရသာလည်းကောင်းဆိုတော့ သုဝဏ္ဏ သုမင်္ဂလာလမ်းနားမှာ နေတဲ့သူတွေအတွက်ကတော့ ကံကောင်းတာပါပဲ။ 

 

  • Rangoon Tea House

ဒီဆိုင်လေးကတော့ ပြင်ဆင်ထားတဲ့ Decoration လေးတွေ တော်တော် လှပြီးတော့ စားစရာတွေလည်း အမျိုးအစား စုံစုံလင်လင်ရပါတယ်။ စျေးနှုန်းကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒီဆိုင်လေးကိုလည်း နိုင်ငံခြားသားတွေ တော်တော်လာလေ့ရှိပါတယ်။ 

လိပ်စာကတော့- ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ ရှိပါတယ်။ 

 

  • Modern Tea Shop

ဒီဆိုင်လေးမှာ မြန်မာ့ ရိုးရာစားစရာတွေ အပြင် တရုတ်၊ အိန္ဒိယ အစားအစားတွေပါရနိုင်ပါတယ်။ လက်ဖက်ရည်ကလည်း  တော်တော်ကောင်းတဲ့ အထဲပါတာမို့လို့ လူကြိုက်များတဲ့ ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။ 

လိပ်စာလေးကတော့ ဗညားဒလလမ်း ၊ တာမွေမှာပါ။ 

 

  • King Tea Shop 

ဒီဆိုင်မှာ အဓိကနာမည်ကြီးတာကတော့ သူ့ရဲ့ ခုနှစ်လွှာပေါက်စီပါပဲ။ ကြက်ဆီထမင်း ၊ ဝက်သားပေါင်း ၊ ရှမ်းခေါက်ဆွဲ စတဲ့ အမယ်တွေတော်တော်စုံတာမို့လို့  မနက်ခင်းတင်မဟုတ်ပဲ တစ်နေကုန်လူများနေတတ်ပါတယ်။ စျေးကလည်း အသင့်အတင့်ပဲ ဖြစ်တာမို့လို့ သွားသင့်တဲ့ဆိုင်လေးပါ။ လိပ်စာကတော့  အမှတ် (၁၃၆) ဆူးလေဘုရားလမ်း ပဲ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကိုတော့ အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်….

https://bit.ly/32uq9NT 

 

Bookmark