Health

Surgical Mask မှာ ဘာကြောင့် သုံးလွှာထည့်ပေးထားတာလဲ…?

Read 639 times

ခွဲစိတ်ခန်းသုံးနှာစည်း (ဆာဂျီကယ်မတ်စ်) တို့ကို ယခုအခါ အကာအကွယ်ဖြင့် ဝတ်ဆင်ကြရသည်။ ယင်းနှာစည်းတို့သည် အရွယ်အတန်ကြီးသော အရည်စက်တို့ကို ကာကွယ်ရန် ဒီဇိုင်းထုတ်ပေးထားသည်။

လူတစ်ဦး၏ ပါးစပ်မှ ထွက်စင်သော အရည်စက်များကို ကာကွယ်ပေးနိုင်သည်။ သို့ဖြစ်ရာ ပါးစပ်မှတစ်ဆင့် ထုတ်လွှတ်သော ရောဂါပိုးများကို ကူးစက်ခြင်း မပြုအောင် တားဆီးပေးသည်။

ယင်းဆာဂျီကယ်မတ်စ်တို့သည် အရွယ်အစား ၂ မိုက်ခရွန် (ဝ.၀၀၂ မီလီမီတာ)အချင်းထက် သေးငယ်သည့် အမှုန်အမွှား အသေးစားများကို ကာကွယ်ပေးနိုင်ခြင်း မရှိချေ။

နှာခေါင်းပေါ် အုပ်ကာသည့်နေရာအစွန်းတွင် ချောင်ချိနေပါက လုံခြုံမှုမရှိနိုင်ပါ။

၁။ အပြင်လွှာသည် hydrophobic layer ရေငြင်းဆန်အလွှာ ရေ၊ အရည်၊ သွေး၊ ကိုယ်ခန္ဓာမှ ထွက်သည့်အရည်တို့ကို တားဆီးတွန်းလှန်ပေးသည်။

၂။ အလယ်လွှာသည် ဘက်တီးရီးယားများကို ဇကာစစ်ပေးသည်။

၃။ အတွင်းလွှာသည် hydrophilic layer ရေစုပ်လွှာ ဖြစ်သည်။ ပါးစပ်မှ ထွက်သည့် သွားရည် တံတွေး၊ မျက်နှာမှ ထွက်သည့် ချွေးတို့ကို စုပ်ယူသည်။
 

Bookmark