အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားလို့ရမယ့် လမ်းသရဲမုန့်လုပ်နည်း လေးကိုဖော်ပြလိုက်ပါတယ်။
လိုအပ်သောပစ္စည်းများ....
(1)ဆန်အစိမ်းမှုန့်
(2)ကုလားပဲအစိမ်းမှုန့်
(3)ကော်မှုန့်
(4)ကြက်ဥ
(5)မဆလာ
(6)ခရမ်းချဉ်သီး ဂေါ်ဖီ ငရုတ်သီးစိမ်း နံနံပင်
(7)ပဲပြုတ် ပဲပင်ပေါက်
မွှေး ဆန်အစိမ်းမှုန့် တစ်ထုပ် + မွှေးကော်မှုန့် ထမင်းစားဇွန်း လေးဇွန်း + မွှေး ကုလားပဲ အစိမ်းမှုန့် ထမင်းစားဇွန်းသုံးဇွန်းကို ဆား နည်းနည်း ၊ဟင်းခတ်မှုန့်နည်းနည်း ထည့်ပြီး ကြက်ဥ တစ်လုံးဖောက်ထည့်ပါ။
ထည့်ပြီးသွားရင် ရေထည့်ပြီးဖျော်ပါ။ မုန့်ရည် ဖျော်ထားပြီးရင် အထဲက အစာအတွက် ဂေါ်ဖီ ခပ်ပါးပါး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပဲပင်ပေါက်၊ ပဲပြုတ် ကိုယ်ကြိုက်တာလေးတွေ ထည့်ဖို့ အဆင်သင့် လှီးထားပါ။
မုန့်တစ်ခုကို ယောက်ချိုဇွန်း တစ်ဇွန်းစာထည့်ရင်ရပါတယ်။ဒယ်အိုးထဲထည့်ပြီးတာနဲ့ ချက်ချင်း ဒယ်အိုးလေးကို လက်ကိုင်ကနေ အလိုက်သင့်လေး စက်ဝိုင်းပုံစောင်းပြီး အရည် လေးတွေ ဒယ်အိုးအနှံ့ရောက်ပြီး မုန့်သားပါးပါးလေးရအောင် လုပ်ပါမယ်။
အနည်ထိုင်တတ်တာမို့လို့ နောက်တစ်ခုလုပ်ခါနီးရင် သေချာမွှေပေးဖို့လိုပါတယ်။ အဆာပလာတွေထည့်ပြီးပြီဆိုရင် မုန့်သားကျွတ်ကျွတ်လေးရအောင် မဆလာလေး ဖြူး ဆီကို မုန့်သားဘေးလေးတွေ လိုက်ထည့်ပေးပြီး အပေါ်ကနေ ဆီလေးနည်းနည်းဖြူးပေးပါမယ်။
ကျွတ်ကျွတ်လေးစားချင်သူတွေက ဆီပိုထည့်လို့ရပါတယ်။
အဆာပလာတွေကျက်သွားပြီဆိုရင် အလယ်က ခေါက်လိုက်ပါမယ်။ ဟိုဘက် ဒီဘက် တဖြည်းဖြည်း ကျက်သွားအောင် လှန်ပြီးပြီဆိုရင် အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ လမ်းသရဲမုန့်(Street Ghost Snack) လေးရပါပြီ။
By Aung Myo Hein