အိမ်မှာပဲနေရပြီး ဘယ်မှာမသွားရလို့ စိတ်မညစ်ပါနဲ့။ COVID ကြီးပြီးလို့ အပြင်ထွက်ရင် မြင်သူတကာငေးစေမယ့် Tips လေးတွေကိုဖော်ပြပေးသွားမှာပါ။
ရေများများသောက်ပါ။
ရေများများသောက်ခြင်းဟာ အသားရည်ခြောက်သွေ့တာနဲ့ ကြမ်းတမ်းတာကို လျော့ကျစေပြီး အသားရည်ကိုချောမွေ့စေပါတယ်။
အိပ်ရေးဝဝအိပ်ပါ
စကားပြောစရာ ရည်းစားလည်းမရှိပဲ ညညဆိုမအိပ်ပဲမနေပါနဲ့။ အိပ်နေတဲ့အခါမှာ ခန္တာကိုယ်တွင်း သွေးလည်ပတ်မှုပိုကောင်းပြီးတော့ ကျန်းမာစေပါတယ်။
Scrubs လုပ်ပါ
Scrubs လုပ်ခြင်းအားဖြင့် ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားရည်ကို ချောမွေ့စေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်သာ လုပ်သင့်ပါတယ်။
အိမ်မှာရှိတဲ့ အသီးအနှံတွေနဲ့ Face mask လုပ်ပါ (သခွားသီး,ထောပတ်သီး)
မီးဖိုချောင်ပစ္စည်းတွေနဲ့ အိမ်မှာရှိတဲ့ အရာတွေကို သုံးပြီးလုပ်ခြင်းအားဖြင့် အကုန်အကျသက်သာစေသလို အချိန်ကုန်တာလည်း မြန်စေမှာပါ။
ရေဓာတ်အားဖြည့်တဲ့ Lotion လိမ်းပါ
လိုးရှင်းလိမ်းခြင်းအားဖြင့် အသားအရည်ကို စိုစိုပြေပြေလေးဖြစ်နေမှာဖြစ်ပြီး အရေပြားပေါ်မှာ နောက်ထပ် အလွာတစ်လွာနဲ့ ကာထားသလိုဖြစ်နေစေမှာပါ။
အစားအသောက်သေချာစားပါ
အိမ်မှာနေတယ်ဆိုပြီး စားချင်တဲ့အချိန်မှစားတာမျိုးတွေမလုပ်ပါနဲ့။ အချိန်မှန်စားတာကလည်း ခန္တာကိုယ်လှဖို့နည်း တစ်မျိုးပါပဲ။