သာကေတမြို့နယ်က Emerald Bayနဲ့ သန်လျင်က Star City အိမ်ရာမှာ နေထိုင်သူတွေအတွက် သွားလာရေး အဆင်ပြေနိုင်ဖို့ မကြာမီမှာ ခရီးစဉ်လမ်းကြောင်းအသစ်ဖြစ်တဲ့ Yangon Water Bus ပြေးဆွဲပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ ပြေးဆွဲပေးသွားမှာဖြစ်ပြီး လေဝင်လေထွက်ကောင်းမွန်တဲ့ အဆင့်မြင့်ရေယာဉ်တွေကို အသုံးပြုသွားမယ်လို့ Yangon Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင်ကပြောကြားခဲ့ပါတယ်။

Yangon Water Bus က လက်ရှိမှာ ရန်ကုန်(ဆာပါချောင်) -လမ်းသစ်၊ တွံတေး၊ သန်လျင် အစရှိတဲ့ ရေလမ်းကြောင်းတွေမှာ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ ထပ်မံပြီးတိုးချဲ့ပြေးဆွဲမယ့်ခရီးစဉ်တွေကတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တိုနဲ့ ငမိုးရိပ်ချောင်းဘက် ပြေးဆွဲမှာ ဖြစ်ပါတယ်။
Water Bus က လက်ရှိမှာ ရန်ကုန်(ဆာပါချောင်) -လမ်းသစ် ၊တွံတေး၊သန်လျင် အစရှိတဲ့ ရေလမ်းကြောင်းတွေမှာ ပြေးဆွဲပေးနေပါတယ်။ ထပ်မံပြီး တိုးချဲ့ပြေးဆွဲမယ့် ခရီးစဉ်တွေကတော့ ရွှေပြည်သာ ၊ လှိုင်သာယာ ၊ ဆိပ်ကြီး ခနောင်တို နဲ့ ငမိုးရိပ်ချောင်းဘက်ပြေးဆွဲမယ်လို့ သိရပါတယ်။
Yangon Water Bus ရေယာဉ်လိုင်းက (၂၀၁၉) ခုနှစ် စက်တင်ဘာလ (၂၇) ရက်က စတင်ရပ်နားခဲ့ခြင်းဖြစ်ပြီး ဩဂုတ် (၁) ရက် တွင် ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ လမ်းသစ်ဆိပ်ကမ်းနှင့် ဆာပါချောင်ဆိပ်ကမ်းကို စတင် ပြေးဆွဲခဲ့တာဖြစ်ပြီး အခြားသော ခရီးစဉ်တွေကိုလည်း ဆက်တိုက်တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ရေကြောင်းလိုင်းကို အမြတ်ရရှိရေးအတွက် ဦးတည်ပြေးဆွဲရာမှာ လက်မှတ်ခဈေးနှုန်းများ ကို မြှင့်ထားခြင်းမရှိသော်လည်း ရေယာဉ်ဆိပ်ခံနေရာနှင့် ရေယာဉ်ပေါ်မှာ ကြော်ငြာများ လက်ခံမယ်လို့ ဒေါ်တင့်တင့်လွင်က ပြောကြားပါတယ်။
‘‘တီဗီကြော်ငြာ၊ ပိုစတာ ကြော်ငြာတွေကိုလည်း လက်ခံသွားပါမယ်’’ဟု ဒေါ်တင့်တင့်လွင် ကပြောကြားပါတယ်။ ခရီးစဉ် ပြန်လည်စတင်ပြေး ဆွဲရာတွင် COVID ကာလနှင့် တိုက်ဆိုင်နေတဲ့အတွက် အပူချိန်တိုင်းတာခြင်းများ ပြုလုပ်မှာဖြစ်ပြီး နှာခေါင်းစည်းတပ်ထားခြင်းမရှိသူများကို လိုက်ပါစီးနင်းခွင့်ပြုမှာမဟုတ်ကြောင်း ကြေညာထားပါတယ်။

Yangon Water Bus ရေကြောင်းလိုင်းအတွက် ရေယာဉ်များကို စင်ကာပူကုမ္ပဏီတစ်ခုက တည်ဆောက်ပေးခဲ့တာဖြစ်ပြီး Yangon Water Busက (၂၀၁၇) ခုနှစ် အောက်တိုဘာလမှာ အင်းစိန်နှင့် ဗိုလ်တထောင်ကို စတင်ပြေးဆွဲခဲ့ပါတယ်။
"စင်ကာပူကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြေးဆွဲတာပါ။ ငွေပေး ချေမှုအတွက်လည်း စက်တွေတပ် မယ်။ လူနည်းနည်းနဲ့ ဝန်ဆောင်မှုကောင်းကောင်းပဲ လုပ်သွားမယ်" လို့ ဒေါ်တင့်တင့်လွင်က ထပ်မံပြောကြားခဲ့ပါတယ်။