အလုပ်လက်မဲ့ကာလအတွင်း မီးဖွားမှုဖြစ်ပေါ်ပါက မီးဖွားခွင့်မစတင်မီ လွန်ခဲ့သော ၁၂ လအတွင်း ၆ လ ထည့်ဝင်ကြေး ပေးသွင်းထားပါက လုပ်ခလစာ၏ ၇၀ % ကို မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များနှင့် မီးဖွားစရိတ် အပါအဝင် အကျိုးခံစားခွင့် (၇) မျိုးကို ရရှိမည် ဖြစ်သည်။
၁။ အာမခံထားသူအမျိုးသမီး မီးဖွားပါက မီးဖွားခွင့် မစတင်မီ လွန်ခဲ့သော ၁၂ လအတွင်း ပျမ်းမျှလုပ်ခလစာ၏ ၇၀% ကို ၁၄ ပတ်မှ ( အမွှာမွေးပါက ၁၈ ပတ်အထိ ) ငွေကြေးအကျိုးခံစားခွင့်၊
၂။ မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၅၀ % မှ အမွှာမွေးပါက ၁၀၀ % အထိ ခံစားခွင့်၊
၃။ ကိုယ်ဝန်ပျက်မှုအတွက် ပျမ်းမျှလုပ်ခလစာ၏ ၇၀ % ကို အများဆုံး ၆ ပတ် အထိ ခံစားခွင့်၊
၄။ အာမခံထားသူအမျိုးသမီးသည် တစ်နှစ်အောက်ကလေး မွေးစားမှုအတွက် ပျမ်းမျှလုပ်ခလစာ၏ ၇၀ % ကို ၈ ပတ်အထိ ခံစားခွင့်
၅။ အာမခံထားသူအမျိုးသမီး၏ တစ်နှစ်အောက်ကလေးအတွက် တစ်နှစ်အထိ ဆေးကုသမှုခံယူခွင့်၊
၆။ အာမခံထားသူအမျိုးသား၏ ဇနီး မီးဖွားမှုအတွက် မွေးကင်းစကလေး စောင့်ရှောက်ခွင့်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၇၀ % ကို ၁၅ ရက် အထိ ခံစားခွင့်၊
၇။ အာမခံထားသူအမျိုးသား၏ဇနီး မီးဖွားခြင်းအတွက် မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၂၅% မှ အမွှာမွေးပါက ၅၀% အထိ ခံစားခွင့် တို့ကို ခံစားခွင့် ရရှိမည် ဖြစ်သည်။
Su Mon Oo ( Mine )
Ministry of Labour, Immigration and Population