ယနေ့ခေတ်မှာ Online ဘာမဆိုရှာဖွေလို့ရလာတာနဲ့အမျှ Marketing နဲ့ဆိုင်တဲ့ လေ့လာစရာ Resources တွေကလည်း အများအပြားပါပဲ။အဲ့ဒီလို များပြားလှတဲ့ အထဲက လူကြိုက်များပြီး Feedback ကောင်းတွေရှိတဲ့ Tools တွေကိုဖော်ပြလိုက်ပါတယ်။
Facebook Blueprint
အခုမှ စတင်လေ့လာမယ့် beginner တွေအတွက်နဲ့ မိမိရဲ့ အရည်အချင်း ဘလောက်ရှိနေပြီလဲဆိုတာ သိချင်တဲ့သူတွေအတွက်တော့ Facebook Blueprint ကအကောင်းဆုံး Free Tool တစ်ခုပါပဲ။ Courses တွေအကုန်ပြီးသွားရင် Certificate လည်းရနိုင်ပါသေးတယ်။
Google Digital Marketing
Online ပေါ်ကနေ စီပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ရမလဲ ? ကိုယ့်ရဲ့ customer တွေကိုဘယ်လို ဆွဲဆောင်ရမလဲ? ဘယ်လို လူသိများအောင်ကြေညာရမလဲ ဆိုတာတွေကို ဒီ Online Class မှာ အလကား လေ့လာနိုင်မှာပါ။ Certificate လည်းပေးတာမို့လို့ အခုမှစတဲ့သူတွေအတွက်တော့ အဖိုးတန် Class လေးတစ်ခုပါ။
SEO ဆိုတာဘာလဲ ? Content Marketing အကြောင်း Google Analytics ကိုအသုံးချနည်း စတာတွေကို Company အကြီးတွေမှာ လုပ်ငန်းခွင်ဝင်နေတဲ့ Professional တွေက သင်ကြားပေးမှာပါ။ Paid ရော Free ရော ရှိတာမို့လို့ အဆင်ပြေမှာပါ။
နောက်ထပ် Free Courses တွေရှိတဲ့နေရာကတော့ HubSpot ပါပဲ ။ပေးရတဲ့ အချိန်နဲ့ တန်တဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရနိုင်ပါတယ်။ ဒီ website ကလည်း Certificate ပေးတာမို့လို့ လေ့လာထားသင့်ပါတယ်။