By WMMH (Mizzy)
အခုလို Covid ကာလအတွင်းမှာ လူတွေနဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် အာလုံးက Zoom, Google Meet, နဲ့ Online Social App များကို အသုံးပြုလာကြပါတယ်။ သင်တန်းများဟာလည်း အပြင်မှာထက် Online ကနေ တက်ရောက်လို့ ရမယ့် သင်တန်းတွေကို ပိုမိုအားထည့်လာကြတာ တွေ့ရပါတယ်။
ဒီတစ်ပတ်မှာတော့ Covid ကာလအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရပ်အသစ်တစ်ခုကို လေ့လာဆည်းပူးချင်သူတွေအတွက် ကျောင်းတွေ ပိတ်ထားတုန်းမှာ အိမ်မှာနေရင်း အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ August လ အတွင်း Online ကနေ Free သင်ကြားပေးနေတဲ့ ပညာဒါနသင်တန်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
၁။ Bar Bending Schedule Class
ဒီသင်တန်းလေးကတော့ Etabs Civil Online Engineering Class ကနေ ပညာဒါနဖွင့်လှစ်ထားတဲ့ သင်တန်း ဖြစ်ပါတယ်။ သင်ကြားပေးမယ် Course တွေကတော့
စတဲ့ Course တွေပဲ ဖြစ်ပါတယ်။
သင်တန်းသားဦးရေ ကန့်သတ်ထားတာ ဖြစ်ပြီး သင်ကြားမယ့်ပုံစံကတော့ Facebook Private Group ကနေ Lesson Video များနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းစတင်မယ့် ရက်ကတော့ (8.8.2020) ရက်နေ့ ဖြစ်ပါတယ်။
မူရင်း Post Link >> https://cutt.ly/7sKo5wB
၂။ Thai Basic 4 Skills Language Class
ဒီသင်တန်းကတော့ MHP Thai Language Center ကနေ စီစဉ်ပေးထားတဲ့ Online ပညာဒါနသင်တန်း (Batch 3) ဖြစ်ပါတယ်။
သင်ကြားပေးမှာတွေကတော့ ...
စတာတွေ ဖြစ်ပါတယ်။
Facebook မှ Group ဖွဲ့ သင်သင်တန်းစတင်မယ့်ရက်ကတော့ ၂၅.၇.၂၀၂၀( စနေနေ့) ဖြစ်ပါတယ်။
မူရင်း Post Link >> https://cutt.ly/tsKoQuX
၃။ Accounting Class
ဒီသင်တန်းလေးကတော့ စာရင်းပညာလိုလားသူတွေ၊ စာရင်းပညာ အခြေခံရှိသူတွေ အားလုံး တက်ရောက်လို့ရတဲ့ Class လေးပဲ ဖြစ်ပါတယ်။ သင်ကြားပေးမှာတွေကတော့
စတာတွေပဲ ဖြစ်ပြီး သင်ခန်းစာအားလုံးကို Private Group ထဲကနေ Lesson Video များနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းစတင်မယ့် ရက်ကတော့ (31.7.2020) ရက်နေ့ ဖြစ်ပါတယ်။
မူရင်း Post Link >> https://cutt.ly/0sKpSpI
၄။ SketchUp Training Class
ဒီသင်တန်းကတော့ ကနေ August လအတွက် ဖွင့်လှစ်ပေးထားတဲ့ SketchUp ပညာဒါနသင်တန်း ဖြစ်ပါတယ်။ သင်ကြားပေးမယ့် Course တွေကတော့
စတဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ သင်တန်းစတင်မယ့် ရက်ကတော့ (1.8.2020) စနေနေ့ ဖြစ်ပါတယ်။
မူရင်း Post Link >> https://cutt.ly/bsKadf5