ပါဝင်ပစ္စည်းများ
မုန့်လက်ဆောင်းဖတ် - ၁၀၀၀ မီလီမီတာ
သာကူ - ၂၅ကျပ်သား(ကျိုထားပါ)
ကောက်ညှင်းပေါင်း - ဆန်(၃)ခွက်
ပေါင်မုန့် - (၁၀) ချပ်
အုန်းနို့ကျောက်ကျော - (၂၅) ဂရမ်
အုန်းနို့ရည် - တစ်ဘူးခွဲ
သကြား - (၂၅၀) ဂရမ်
ပြုလုပ်နည်း
ပထမဦးစွာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ ဆန်မုန့် ထမင်းစားဇွန်း (၈)ဇွန်း၊ ကော်မုန့် ထမင်းစားဇွန်း (၂) ဇွန်း၊ ဆား ၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။
ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။
ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။
အုန်းနို့ကျောက်ကျော အတွက်ကတော့ အရင်ဆုံး သကြား (၃၀၀)ဂရမ်ကို အုန်းနို့ တဗူး ရေ (၁.၅) လီတာ ကျောက်ကျောမုန့် ၅၀ဂရမ်တို့ဖြင့် ရေမှာပျော်ဝင်သွားအောင် ကျိုပါ။
ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ ကောက်ညှင်းပေါင်းချက်ဖို့အတွက် ကောက်ညှင်းဆန် ကို ရေကြည်လင်လာတဲ့အထိ ဆေးပီး အနည်းဆုံး (၆) နာရီ ရေစိမ် ထားပါ၊
ဇကာနဲ့ရေကုန်အောင်စစ်ပါ။ ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပြီး ပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ။ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊
အထက်အောက် လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် (၂) ခါခွဲပေါင်းနိုင်ပါတယ်။ အုန်းနို့ရည် ၁ဘူးခွဲ ကို ရေ (၁၀၀၀) မီလီလီတာဖြင့် ဖျော်ထားပါ သကြား ကို ရေ အနည်းငယ်ဖြင့် သကြားပျော်ရုံလေး အပူပေးပါ။
ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ်မိသားစုလုံး အရသာရှိစွာစားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။
By Aung Myo Hein