Shopping & Promo

Shwe Property ရဲ့ တန်ဖိုးသင့်အိမ်ယာ အွန်လိုင်းအရောင်းပြပွဲကြီး

Read 791 times

By WMMH (Mizzy)

တန်ဖိုးသင့်အိမ်ခန်းများ ရှာဖွေနေသူများအတွက် Smart Phone တစ်လုံး ရှိရုံနဲ့ အလွယ်တကူ တိုက်ခန်းများကို ကြည့်ရှုနိုင်မယ့် Shwe Property ရဲ့ “ Online Affordable Housing Expo “ အကြောင်းကို ဒီတစ်ပတ်မှာ ပြောပြပေးချင်ပါတယ်။ 

ဒီအွန်လိုင်းပြပွဲမှာတော့ ငွေကျပ်တန်ဖိုး သိန်း ၂၀၀ ကစတဲ့ မြို့နယ်စုံမှ တန်ဖိုးသင့်အိမ်ခန်း အသစ်စက်စက်များကို အထူး Discount များ၊ Promotion များနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်တန်ဖိုး အပြည့်ပေးသွင်းစရာမလိုတဲ့ အတိုးမဲ့အရစ်ကျစနစ်နဲ့ ငွေပေးချေမှုများ၊ လျှော့ချပေးထားတဲ့ အိမ်ရာချေးငွေ အတိုးနှုန်းအသစ်များနဲ့ ညှိနှိုင်းနိုင်တဲ့ ငွေချေစနစ်များ စတဲ့ အထူးအခွင့်အရေးများနဲ့လည်း အိမ်ခန်းတွေကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ပြပွဲရက်အတွင်းမှာတော့ Professional Sales Person များမှ Video Call များ၊ အခန်းပုံစံ 360 Virtual Tour တို့နဲ့ ပြသရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒီပြပွဲကိုတော့ ဇူလိုင် ၂၆ရက်နေ့နဲ့ ၂၇ရက်နေ့တွေမှာ မနက် ၁၀နာရီကနေ ည ၈နာရီအထိ ပြုလုပ်ကျင်းပပေးသွားမှာ ဖြစ်ပြီး ဝယ်ယူရရှိနိုင်မယ့် အိမ်ခန်းတွေရဲ့ မြို့နယ်တွေကတော့ …

  • စမ်းချောင်းမြို့နယ်
  • ကြည့်မြင်တိုင်မြို့နယ်
  • ရန်ကင်းမြို့နယ်
  • တာမွေမြို့နယ်
  • ကျောက်တံတားမြို့နယ်
  • လှိုင်မြို့နယ်
  • မရမ်းကုန်းမြို့နယ်
  • မြောက်ဥက္ကလာပမြို့နယ်
  • တောင်ဥက္ကလာပမြို့နယ်
  • သင်္ဃန်းကျွန်းမြို့နယ်
  • မင်္ဂလာတောင်ညွန့်မြို့နယ်
  • အင်းစိန်မြို့နယ်
  • ကမာရွတ်မြို့နယ်
  • အလုံမြို့နယ်
  • သာကေတမြို့နယ်
  • ဒေါပုံမြို့နယ်
  • တောင်ဒဂုံမြို့နယ်
  • မြောက်ဒဂုံမြို့နယ်

စတဲ့ မြို့နယ်ပေါင်း (၁၈) ခုက တိုက်ခန်းတွေကို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီ Online Expoကို ဝင်ရောက်ဖို့ ပထမဦးဆုံးအနေနဲ့ Online Registration ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

Registration Link >> https://bit.ly/2BlTa4B 

Online Registration Formကို လက်ခံရှိပြီးတာနဲ့ Shwe Property Call Center ဝန်ထမ်းများက ဆက်သွယ်ပြီး ပြပွဲတက်ရောက်နိုင်ဖို့ အစစအရာရာ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ Expo Link - https://bit.ly/2OUkzO8 ကနေ ပြပွဲကို ဝင်ရောက်ကြည့်ရှုလို့ ရမှာပါ။ 

ပြပွဲရက်အတွင်း ပေးမယ့် Promotion များနဲ့ အိမ်ဝယ်ယူလိုရင်တော့ Reserve လုပ်ပြီး Booking ငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။Reserve ပြုလုပ်ပြီးရင်တော့ အရောင်းဝန်ထမ်းက ဖုန်းဆက်ပြီး အတည်ပြုပေးသွားမှာ ဖြစ်ပါတယ်။ဒါပြီးရင်တော့ ပြပွဲပြီးဆုံးပြီး (၂) ပတ်အတွင်း Developer နဲ့ စာချုပ်ချုပ်ပြီး အိမ်ခန်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မဝယ်ယူဖြစ်ရင်လည်း Booking fees ကို အပြည့်အဝ ပြန်လည်ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်နော်။

ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူချင်တယ် ဆိုရင်တော့ Shwe Property ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။ 

>> https://bit.ly/2D65CG1  

 

Bookmark