By - Jae
SCG ၏ အဓိကစီးပွားရေးလုပ်ငန်းသုံးခုမှာ တိုးတက်လာခဲ့ပြီး အမြတ်မှာ မြန်မာကျပ်ငွေ ၄၁၂ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၂၉၄ သန်း) သို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၃ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း Siam Cement Group (SCG) မှ သတင်းထုတ်ပြန်ထားသည်။
SCG ၏ ၂၀၂၀ ပထမနှစ်ဝက်အတွင်း ရရှိသောဝင်ငွေသည် ၂၁၀၉ ခုနှစ်ထက် ၉ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး မြန်မာကျပ်ငွေ ၉,၀၆၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆,၃၈၁ သန်း) ခန့် ရရှိခဲ့သည်။ ထိုကာလအတွင်း အမြတ်ငွေသည် မြန်မာကျပ်ငွေ ၇၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁၇ သန်း) ခန့်ရှိပြီး ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွက် SCG ၏ တန်ဖိုးမြင့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ (HVA) မှ ရရှိသော အရောင်းဝင်ငွေသည် မြန်မာကျပ်ငွေ ၄,၀၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈၇၈ သန်း) အထိ ရောက်ရှိခဲ့သည်။
ထို့အပြင် SCG သည် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်အတွက် ထိုင်းနိုင်ငံမှ တင်ပို့ရောင်းချမှုနှင့် ထိုင်းနိုင်ငံပြင်ပရှိ လုပ်ငန်းများမှ ရရှိသော စုစုပေါင်းအရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၃,၈၉၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂,၇၄၀ သန်း) ခန့်ရှိပြီး ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
SCG သည် ထိုင်းနိုင်ငံမှလွဲပြီး တစ်ခြား အာဆီယံနိုင်ငံများတွင် ၂၀၂၀ ဒုတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်မှု ရလဒ်အနေဖြင့် အရောင်းဝင်ငွေသည် ၂၀၁၉ ခုနှစ်ထက် ၁၃ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး မြန်မာကျပ်ငွေ ၁,၀၄၆ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၇၄၇ သန်း) ခန့်ရှိသည်။ ထိုအရောင်းဝင်ငွေသည် ပြည်တွင်းလည်ပတ်မှုနှင့် ထိုင်းနိုင်ငံရှိလုပ်ငန်းမှ တင်သွင်းမှု နှစ်ခုစလုံး ပါ၀င်သည်။
၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်တွင် မြန်မာနိုင်ငံရှိ SCG သည် မြန်မာကျပ်ငွေ ၅၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈၈ သန်း) ပိုင်ဆိုင်ပြီး ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွက် အရောင်းဝင်ငွေသည် မြန်မာကျပ်ငွေ ၉၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၇ သန်း) ရှိပြီး ပြည်တွင်းလုပ်ငန်းလည်ပတ်မှုများနှင့် ထိုင်းနိုင်ငံမှ ထုတ်ကုန်တင်သွင်းမှုနှစ်ခုစလုံး အပါအဝင်ဖြစ်ပြီး ယခင်နှစ်ထက် ၁၉ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။
၂၀၂၀ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း SCG ၏ မြန်မာပြည်တွင်းစျေးကွက် အတွင်းရရှိသော အရောင်းဝင်ငွေသည် ၂၀၁၉ ခုနှစ်နှင့်တူညီပြီး မြန်မာကျပ်ငွေ ၂၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၄ သန်း) ခန့်ရှိသည်။ SCG ၏ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်အတွက် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုရလဒ်အရ အရောင်းဝင်ငွေမှာ မြန်မာကျပ်ငွေ ၄,၂၁၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃,၀၀၆ သန်း) ခန့်ရှိပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။
အာဆီယံဒေသတွင်းရှိ ထိပ်တန်းကော်ပိုရေးရှင်းဖြစ်သော SCG သည် ဘိလပ်မြေ၊ ဆောက်လုပ် ရေးသုံးပစ္စည်းများ၊ ဓာတုထုတ်ကုန်များနှင့် ကုန်ထုပ်ပိုးလုပ်ငန်းများကို ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခဲ့သော သက်တမ်းမှာ အနှစ်နှစ်ဆယ်ကျော်ပြီဖြစ်သည်။