SAMSUNG မှ ထပ်မံမိတ်ဆက်လိုက်သည့် သိန်း (၃၀) တန် Luxury ဖုန်း မြန်မာနိုင်ငံတွင် စတင်ရောင်းချ

Ads Ads Ads

Samsung မှ ထုတ်လုပ်လိုက်သော မျိုးဆက်သစ် Galaxy Fold 2 အား မြန်မာနိုင်ငံတွင် စတင်ရောင်းချတော့မည် ဖြစ်သည်။ ထိုဖုန်းတွင် ခေတ်မှီနည်းပညာ အသစ်များနှင့် ယခင်က မျိုးဆက်ဖြစ်သည့် Galaxy Fold ထက်သာလွန်သော အလွယ်တကူ ခေါက်သိမ်းနိုင်သည့် နည်းပညာများကို အဆင့်မြှင့် တင်ထားသည်။ 

Galaxy Fold 2 တွင် 4500 mAh Battery ကို Superfast Charging 25W စနစ်ကို ထည့်သွင်းထားသည့်အတွက် တစ်နေ့တာလုံး အသုံးပြုနိုင်စေမည် ဖြစ်သည်။ CPU အနေဖြင့် နောက်ဆုံးပေါ် Chipset ဖြစ်သော Snapdragon 865+ ၊ Display အတွက် 120Hz နှင့် HDR  10+ ပါဝင်မှာဖြစ်ပြီး Storage နှင့် Ram အပိုင်းတွင် 12/256 နှင့် 12/512 ဟူ၍ နှစ်မျိုးရှိမည် ဖြစ်သည်။

Galaxy Z Fold2 စမတ်ဖုန်းတွင် ၆.၂” Infinity-O Cover ရှေ့မျက်နှာပြင် ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် အီးမေးလ် စစ်ဆေးခြင်း၊ လမ်းညွှန် ရှာဖွေခြင်းများ အပါအဝင် အမျိုးမျိုးသော လုပ်ဆောင်ချက်များစွာအား ရှေ့မျက်နှာပြင် မှတဆင့် အလွယ်တကူ ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ 

ထို့အပြင် Galaxy Z Fold2 စမတ်ဖုန်းအား ဖြန့်လိုက်ပါက ကြီးမားကျယ်ပြန့်သော ၇.၆” အဓိက မျက်နှာပြင်အား ရရှိနိုင်မည်ဖြစ်ပြီး အလွန်ပါးလွှာသော ဘေးဘောင် နှင့် သေးငယ်သော ရှေ့ကင်မရာများသာ ပါရှိသည့်အတွက် ရုပ်ရှင်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်းများအား အထစ်အငေါ့မရှိ၊ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။

ကင်မရာပိုင်းတွင်လည်း စွမ်းဆောင်ရည် မြင့်မားသော အရည်အသွေးမြင့် ကင်မရာများ ထည့်သွင်း ပေးထားသည့်အပြင် Pro Video mode၊ Single Take၊ Bright Night နှင့် Night Mode လုပ်ဆောင်ချက်များ ပါရှိသည့်အတွက် အရည်အသွေး ပြည့်ဝသည့် အမှတ်တရ ပုံရိပ်များအား စိတ်ကျေနပ်မှု အပြည့်ဖြင့် ရိုက်ကူးသိမ်းဆည်း သွားနိုင်မည် ဖြစ်သည်။

အဓိက မျက်နှာပြင်တွင် Samsung ၏ နာမည်ကျော် အဆင့်မြင့် Samsung Ultra-Thin Glass အား အသုံးပြုထားသည့် အတွက် သူမတူသော ကြည်လင် ပြတ်သားသည့် ခံစားမှုကို ရရှိစေမည်ဖြစ်ပြီး Galaxy Z Fold2 တွင် ကိုယ်ထည်နှင့် Hinge (ပတ္တာအိမ်) အကြား ဖုန်မှုန့်များနှင့် မလိုလားအပ်သော အညစ်အကြေးများ ဝင်ရောက်မှုမှ ကာကွယ်ပေးနိုင်မည့် sweeper နည်းပညာကိုလည်း ထည့်သွင်း ပေးထားသည်။

ထို့ပြင် ကျစ်လစ် ကျော့ရှင်းသော ဒီဇိုင်းဖြင့် ဖန်တီး ပုံဖော်ထားခြင်း ဖြစ်သည့်အတွက် ပြေပြစ်၍ အဆင့်မြင့်မားသော အသုံးပြုမှု အတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ သုံးစွဲသူများ အနေနှင့် Galaxy Z Fold2 စမတ်ဖုန်းအား ယခုအခါ အမြို့မြို့ အနယ်နယ်ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၌ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။ 

အရောင်အားဖြင့် Mystic Black (အနက်ရောင်) နှင့်  Mystic Bronze (ကြေးရောင်) ဟူ၍ နှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ကာ မြန်မာငွေ ကျပ် (၃,၀၉၉,၀၀၀) ဖြင့် ဝယ်ယူရရှိ သွားနိုင်မည် ဖြစ်သည်။ Galaxy Z Fold2 စမတ်ဖုန်းအား ဝယ်ယူ အားပေးသူများ အနေဖြင့် ဖုန်းကာဗာ တစ်ခုနှင့် UV Sterilizer တစ်ခုအား အထူးလက်ဆောင် အဖြစ်ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

 

Business Shopping & Promo Read 522 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
Valid Until 01 July, 2021
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
Valid Until 01 July, 2021