မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူခြင်းကို မိမိ အဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့်ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာ လာရောက် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း MOI မှ သိရသည်။
ယခုအခါ ပင်စင်စားများအနေဖြင့် Covid-19 ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များတွင် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် ရုံးဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းသာ မဟုတ်ပဲ ၂၁ ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များတွင်လည်း ထုတ်ယူနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။
ထို့အပြင် ပင်စင်လစာငွေများကို...
- ဘဏ်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊
- ATM စာရင်း ဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊
- Myanmar Mobile Money (MMM) စနစ်နှင့်
- Wave Money စနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ Mobile Agent များတွင် လွယ်ကူ လျင်မြန်စွာ ထုတ်ယူနိုင်ပြီ ဖြစ်သည်။
Su Mon Oo ( Mine )