Yangon Trend

စက်တင်ဘာလ (၈) ရက်နေ့မှစ၍ စားသောက်ဆိုင်များတွင် ထိုင်စားခြင်းခွင့်မပြုပဲ ပါဆယ်သာရမည်

Read 552 times

ရန်ကုန်မြို့တွင် ဓါတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့်လူနာများ များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါများကာကွယ်နိမ်နှင်းရေးဥပဒေ ပုဒ်မ- ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်အမှတ်(၁၀၀/၁၂၀) ကိုထုတ်ပြန်လိုက်ရာ မြို့နယ် (၇)မြို့နယ်မှာ Lock Down ချသည့်အထဲတွင် ပါဝင်ခဲ့သည်။ 

သို့သော် ရောဂါပြန့်ပွားမှုများ ပိုမိုမြန်ဆန်လာသဖြင့် ကူးစက်ခြင်းများထပ်မံ မဖြစ်ပွားစေရန် ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် (၈.၉.၂၀၂၀) မှစတင်၍ စုဝေးစားသောက်ခွင့်မပြုပဲ ပါဆယ်(Take Away) စနစ်ဖြင့်သာ ရောင်းချရမည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန မှကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ယနေ့ နံနက် (၇.၉.၂၀၂၀) နံနက် (၈)နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၄၆၄) ဦးရှိပြီး သေဆုံးသူ(၈) ဦးရှိပြီဖြစ်သည်။ 

 

Bookmark