Yangon Trend

Quarantine Center က ပြန်လာတဲ့သူတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်များ

Read 534 times

COVID-19 ရောဂါပြန်လည် ပျံ့ပွားလာတာနဲ့ အမျှ မကူးစက်အောင် သတိပြုပြီးနေထိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။  Quarantine Center ကနေ အိမ်ကိုပြန်လာတဲ့သူတွေအနေနဲ့လည်း သတိထားရမယ့် အချက်တွေရှိပါတယ်။ ဒီအချက်တွေကတော့..

  1. Quarantine Center မှပြန်လာမည့်သူကို လူအများနဲ့လာမခေါ်သင့်ပါဘူး။ လာခေါ်တဲ့ အခါမှာလည်း ပွေ့ဖက်နှုတ်ဆတ်ခြင်းမျိုးမလုပ်ရပါဘူး။

  2. အိမ်ပြန်တဲ့ အခါမှာလည်း Mask နဲ့ ပါးစပ်နဲ့ နှာခေါင်းကို မဖြစ်မနေ လုံခြုံအောင်ဖုံးအုပ်ထားရပါမယ်။ နှာချေ၊ချောင်းဆိုးရာတွင်လည်း တစ်ရူးကိုအသုံပြုရမည့်အပြင် အသုံးပြုပြီးသား တစ်ရှုးကို စနစ်တကျစွန့်ပစ်ရပါမယ်။ 

  3. မိမိအိမ်သို့ ပြန်ရာတွင် အများသုံးယာဥ်များကို အသုံးမပြုရပါ။ လမ်းတွင်လည်း စားသောက်ဆိုင်များကဲ့သို့ လူအများစုဝေးရာနေရာများသို့ ကားရပ်နားခြင်းမှလည်း ရှောင်ရှားရပါမယ်။

  4. မိမိနေအိမ်သို့ ပြန်ရောက်ပြီး (၇)ရက်အတွင်း အပြင်သို့မသွားရောက်ပဲ နေအိမ်အတွင်း (သို့မဟုတ်) နေအိမ်ခြံဝင်း အတွင်းတွင်သာ နေထိုင်ရပါမယ်။ 

  5. အိမ်သားများနှင့် အတူမနေပဲ တစ်ယောက်နဲ့တစ်ယောက် ၂မီတာ (၆ပေအကွာ) ကနေ ပြောဆိုရပါမယ်။ 

  6. တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများကို သီးသန့်အသုံးပြုပါ။

  7. ဖျားနာခြင်း ၊ အနံ့အရသာပျောက်ဆုံးခြင်း ၊ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း စတဲ့ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်လာမယ်ဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားရပါမယ်။ 

Bookmark