ပရီမီယာ အထုပ်သေးတစ်ထုပ် ဝယ်ယူတိုင်း ဧရာဝတီလင်းပိုင်တွေကို တစ်ကျပ် လှုဒါန်းနိုင်မည်

Ads Ads Ads

မြန်မာနိုင်ငံ၏ အမွေအနှစ် တစ်ခုဖြစ်သည့် ဧရာဝတီလင်းပိုင်များသည် မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး အခြေအနေကို ရင်ဆိုင်ရလျက်ရှိသည်။ ၎င်းတို့၏မွေးရပ်ဌာနီတွင် လုံခြုံစွာ ရှင်သန် ကျက်စားနိုင်ရေးအတွက် မြန်မာပြည်သူတိုင်း ပါဝင် လှူဒါန်းနိုင်မည့် “ဧရာဝတီလင်းပိုင်တို့ဌာနီ ပရီမီယာနှင့်အတူ ပူးပေါင်းကာကွယ်မည်” ဆိုတဲ့ လူမှုအကျိုးပြု အစီအစဉ်ကို ပြုလုပ်သွားမည်ဖြစ်သည်။ 

ဤအစီအစဉ်သည် ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်အတွင်း နေထိုင် ကျက်စားလျက်ရှိသော ဧရာဝတီလင်းပိုင်လေးများအား တရားမဝင် ငါးဖမ်းဆီးမှုများကြောင့် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် အကောင်အရေအတွက် တိုးပွားလာစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 

ပရီမီယာသည် ဤအစီအစဉ်မှ ရရှိမည့် လှူဒါန်းငွေများကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်း စီမံကိန်းသို့  ၂၀၂၁ ခုနှစ် ဇွန်လတွင် လှူဒါန်းသွားမည်ဖြစ်သည်။

ယခု အစီအစဥ်တွင်  ပါဝင်လိုသူတိုင်းအနေဖြင့် ပရီမီယာမှ ထုတ်လုပ်သည့် ဧရာဝတီလင်းပိုင်ပုံလေးများပါသော Premier 3in1၊ Premier 2Plus1၊ Premier Fusion၊ Premier Espresso၊ Premier Milk Powder၊ Premier White Malt၊ Premier Chocolate Malt တို့မှ ကြိုက်နှစ်သက်ရာ ပရီမီယာ အထုပ်သေးတစ်ထုပ် ဝယ်ယူ အားပေးတိုင်း ငွေတစ်ကျပ်နှုန်းဖြင့် ပရီမီယာမှ  ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society-WCS) တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်း စီမံကိန်းသို့  လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀၀၀) အစီအစဉ်တွင် ပါဝင် လှူဒါန်းနိုင်မည်ဖြစ်သည်။ 

 

Yangon Trend Read 236 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
11 Days left
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
11 Days left