Food & Drinks

Payday မှာ ကိုယ့်ချစ်သူနဲ့ Romantic ဘယ်လိုဆန်ကြမလဲ

Read 532 times

Payday ဆိုတော့ ကိုယ့်ရဲ့ချစ်ရတဲ့သူလေးနဲ့ Dinner ကောင်းကောင်းလေး စားဖို့လိုအပ်တာပေ့ါ။ ဒါကြောင့်မို့ Romantic ဆန်ဆန်လေးနဲ့ စျေးလည်းသိပ်မကြီးတဲ့ ဆိုင်လေးတွေကို စုပေးထားပါတယ် 

White Cottage Restaurant 

Antique ဆန်တဲ့ အဆောက်အဦးရဲ့ရှေ့ ပန်းခြံလေးထဲက ရေကူးကန်လေးဘေးမှာ စားရမယ်ဆိုရင် ဘယ်လောက် Roဆန်တယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး။  

စားစရာအမျိုးအစားတွေကလည်း မြန်မာဆန်ဆန် ထမင်းနဲ့ဟင်းပဲ စားမလား ? Italy ဆန်ဆန် Pizza နဲ့ Pasta လေးပဲစားမလား ? Western စတိုင်  steak ပဲစားမလား ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်လို့ရပြီးတော့ စျေးလေးတွေကလည်း သင့်တင့်တယ်ဆိုတော့ သွားစားသင့်တဲ့ ဆိုင်ထဲမှာ ထည့်ထားလို့ရပြီနော်။ 

Art Cafe Yangon

လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲမှာ ရှိတဲ့ ဒီပြင်သစ်ဆိုင်လေးက Cafe ဆိုပေမဲ့ စားစရာကောင်းကောင်းလေးတွေလည်း ရပါတယ်။ ဝက်သား ၊ ကြက်သား ၊ အမဲသား ၊ဘဲသား နဲ့ ပင်လယ်စာ တွေက အစရရှိနိုင်ပြီး ခြံဝန်းလေးထည်းမှာ ရှိတာမို့လို့ Private ဆန်တယ်လို့လည်း ခံစားရစေမှာပါ။ 

စားရင်းနဲ့ သောက်ချင်တယ်ဆိုရင်လည်း ဘီယာ က အစ ရှန်ပိန်၊ ဝိုင်တွေထိရှိတာမို့လို့ သာယာတဲ့ညနေခင်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။ 

Envoy 

ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ ဒီဆိုင်လေးမှာဆိုရင် တောအုပ်စိမ်းစိမ်းစိုစို လေးထဲရောက်ရှိသွားသလိုခံစားရမယ့် အပင်လေးတွေကြားထဲမှာ စားနိုင်မှာပါ။ 

စားစရာကလည်း Dinner တစ်ခုအတွက် ရွေးချယ်စရာ အလုံအလောက်ပါပဲ။ 

Unplugged တီးဝိုင်းလည်းရှိတတ်တာမလို့ သံစဥ်လေးတွေနားထောင်ရင်း ကြည်နူးလို့ရတာပေါ့။ 

By Aung Myo Hein

 

Bookmark