အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကိုခံစားနေရတဲ့ လူနာတစ်ယောက် သို့မဟုတ် ရောဂါအပြင်းအထန်ခံစားနေရတဲ့ လူတစ်ယောက်ရဲ့ အသက်က အောက်စီဂျင်ပေါ်မူတည်နေပါတယ်။ ဒါ့ကြောင့် လူနာစောင့်တဲ့သူက အောက်စီဂျင်အိုးမှာရှိတဲ့ Oxymeter ကို အစဉ်တစိုက် ဂရုစိုက်နေဖို့လိုအပ်ပါတယ်။
Covid-19 Third Wave ကလည်း လာပြီဆိုတော့ Oxymeter ပြတဲ့ အဖြေကိုတွက်ချက်ပြီး
Oxygen ပေးနည်းကို သိထားသင့်ပါတယ်။ အခုလတ်တလောမှာ အချို့က ရောဂါဆိုးဆိုးရွားရွားခံစားရတာမျိုးကြောင့် အသက်ရှုံးဆုံးရတာမဟုတ်ဘဲ အောက်စီဂျင်အိုးမှာ အောက်စီဂျင်ကုန်သွားလို့ အသက်ရှူဖို့ လေအလုံအလောက်မရတော့ဘဲ သေဆုံးရတာတွေ တွေ့နေရပါတယ်။
ဒါ့ကြောင့် လူနာရဲ့ အောက်စီဂျင်အိုးမှာရှိတဲ့ အောက်စီဂျင်ပမာဏကိုလည်း စောင့်ကြည့်နေသင့်ပါတယ်။ လူနာကို အောက်စီဂျင်ပေးတဲ့ ပမာဏကလည်း လူနာလိုအပ်တဲ့ ပမာဏပဲ ဖြစ်ရပါမယ်။ မလိုအပ်ဘဲ အောက်စီဂျင်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်သလို အောက်စီဂျင် အလုံအလောက်မရတာတွေလည်း ဖြစ်နိုင်လို့ပါ။ ဒါ့ကြောင့် လူနာကို Oxymeter နဲ့တိုင်းပြီးမှ Oxymeter အဖြေကို တွက်ချက်ပြီး အောက်စီဂျင် လွှတ်ပေးသင့်ပါတယ်။
လူနာကို Oxymeter နဲ့တိုင်းလို့ ထွက်လာတဲ့ အဖြေက ပုံမှန် (94) နဲ့ (99) ကြားမှာရှိသင့်ပါတယ်။ တကယ်လို့ Oxymeter က ထွက်လာတဲ့ အဖြေဟာ (94) အောက်ကျနေပြီဆိုရင် စိုးရိမ်အနေအထားပါ။ ဒါဆို လူနာကို အောက်စီဂျင်ပေးဖို့ လိုအပ်လာပါပြီ။
Oxymeter မှ (94) အောက်ရောက်တဲ့ အဖြေဂဏန်းကို (94) ထဲက နုတ်ပြီး (4) နဲ့စားပါ။
4 နဲ့စားလို့ အကြွင်းပျက်သွားရင် စားလဒ်ဂဏန်းအတိုင်း လူနာကို အောက်စီဂျင် အမှတ်ချိန်ပြီး လွှတ်ပေးရပါမယ်။ စားလို့မပျက်ပဲ အကြွင်းတခုခု ကြွင်းပါက စားလဒ်ဂဏန်းကို (1) ပေါင်းပြီး လူနာကို Oxygen အမှတ်ချိန်ပေးပါ။
ဥပမာ(၁) - လူနာကို Oxymeter နဲ့တိုင်းလိုက်လို့ အဖြေက (82) ထွက်တယ်ထားပါတော့။ အဆိုပါ (82) ကို (94) ထဲကနုတ်ရင် (12) ဖြစ်ပါတယ်။ အဲ့ (12) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး အကြွင်း (0) ကြွင်း၍ အကြွင်းပျက်သွားတာကြောင့် လူနာကို အောက်ဆီဂျင်ပေးတဲ့အခါ စားလဒ် (3) အတိုင်းပဲ (3) မှတ်ပေးရမှာပါ။ Oxygen အိုးရဲ့ flow meter မှာ (3) မှတ်အနေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်ပေးပါ။
ဥပမာ(၂) - Oxymeter နဲ့တိုင်းလိုက်လို့ အဖြေဟာ (80) ထွက်ပါက အဆိုပါ (80) ကို (94) ထဲကနုတ်ရင် (14) ဖြစ်လို့ (14) ကို (4) နဲ့စားပါက စားလဒ်ဟာ (3) ဖြစ်ပြီး
(2) ကြွင်းတာကြောင့် စားလဒ် (3) ကို (1) ပြီး လူနာကို အောက်ဆီဂျင် ပေးတဲ့အခါ အောက်စီဂျင်အိုးရဲ့ Flow meter မှာ (4) မှတ် အနေအထားချိန်ပြီးမှ လူနာကို အောက်စီဂျင်ပိုက်တပ်ပေးပါ။
အကယ်၍ Oxymeter ရဲ့အဖြေဟာ (91/92/93) ဖြစ်နေပါက အောက်စီဂျင်ပေးမယ်ဆိုပါက အောက်စီဂျင်အိုးရဲ့ Flow meter မှာ (2) မှတ် အနေအထားချိန်ပြီး ပေးနိုင်ပါတယ်။
နောက်ပြီ အောက်စီဂျင်ဆိုတာက တခြား Gas တွေထက် အန္တရာယ်များတာကြောင့် ဆောင်ရန်ရှောင်ရန်တွေကိုလည်း သိထားသင့်ပါတယ်။
(1) အောက်စီဂျင်အိုးနားမှာ ဆေးလိပ်မသောက်ရပါဘူး။ အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမလောင်နိုင်ပါဘူး။ ဒါပေမယ့် မီးလောင်ခြင်းကို အားပေးပါတယ်။ ဒါကြောင့် မီးဖိုဘေး၊ မီးနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ ဝေးဝေးထားပေးရပါမယ်။
(2) ပူစေတဲ့အရာတွေနဲ့ အနည်းဆုံး (၅) ပေအကွာမှာ ထားရပါမယ်။ ပူစေတဲ့အရာတွေထဲမှာ ဓာတ်ငွေ့မီးဖို၊ ဖယောင်းတိုင်၊ မီးထွန်းရန်မီးနဲ့ လျှပ်စစ် သို့မဟုတ် ဓာတ်ငွေ့အပူပေးစက် စတာတွေ ပါဝင်ပါတယ်။ မီးပျက်လို့ဆိုပြီး အောက်စီဂျင်အိုးပေါ်မှာ ဖယောင်းတိုင်ထွန်းတာမျိုး လုံးဝ လုံးဝမလုပ်ရပါဘူး။
(3) လေဖြည့်ထားတဲ့ အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ လေပေါင် Pressure 1800 psi ရှိတာမို့ လေရှိနေတဲ့အိုးတွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ရှောင်ကြဉ်ရပါမယ်။ အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်နှောင်ထားရပါမယ်။
(4) အရေးအကြီးဆုံးကတော့ အောက်ဆီဂျင်အိုးတွေဟာ ဆီမှန်သမျှကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိအောင်ထားစေချင်ပါတယ်။ လှည့်တဲ့ ဝှီးဘားလေးကြပ်နေလို့ ဆီလေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါစေနဲ့။ filling လုပ်တဲ့အချိန်ပေါက်ကွဲစေတတ်ပါတယ်။
ဒါ့ကြောင့် အိမ်မှာ အောက်စီဂျင်အိုးရှိပါက ပေါ့ပေါ့ပျက်ပျက် မနေဘဲ သတိကြီးကြီးနဲ့ ဂရုတစိုက်ကိုင်တွယ်သင့်ပါတယ်။ နောက်ပြီး ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုးရနိုင်မယ့် နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘုရားလမ်း လူမှုကူညီရေးအသင်း (ပန်းပဲတန်းမြို့နယ်) - 09786012786
ပေးဆပ်ခြင်း ပရဟိတအသင်း (ပုဇွန်တောင်မြို့နယ်) - 09421139525၊ 09263876640၊ 09263876644
စေတနာ လူမှုကူညီရေးအသင်း၊ အမှတ်(၃/၄)ရပ်ကွက် (ပုဇွန်တောင်မြို့နယ်) - 09254839779၊ 09253381448၊ 092500800100၊ 09440470636၊ 09793622114၊ 095184798
ငြိမ်းချမ်းခြင်းလက်များ ပရဟိတအသင်း၊ အနော်မာရပ်ကွက် (သာကေတမြို့နယ်) - 09421004119
095077446၊ 09420259094
နွယ်အေး ဗလီ (ဒေါပုံမြို့နယ်) -09976544981၊ 09250011562၊ 095500787
ဖို့မြေရပ်ကွက် လူမှုကူညီရေးအသင်း၊ အမှတ်(၉၈/၁၀၀)၊ ၁၀၁လမ်း (မင်္ဂလာတောင်ညွန့်မြို့နယ်) - 01290782၊ 095047868၊ 0940044545၊ 09443219152
သပြေကုန်းရပ်ကွက် လူမှုကူညီရေးအသင်း၊ အမှတ်(၃၅ ဘီ) ၁၂၅လမ်း (မင်္ဂလာတောင်ညွန့်မြို့နယ်) - 09424777120၊ 09424777150၊ 09424777160၊ 09424777180
ချမ်းမြေ့ဆည်းဆာ လူမှုကူညီရေးအသင်း (မရမ်းကုန်းမြို့နယ်) - 09254191610၊ 09761965504
လှည်းတန်း လူမှုကူညီရေးအသင်း (ကမာရွတ်မြို့နယ်) - 09403789779၊ 09788526300
အမေ - အောက်ဆီဂျင် ကုသိုလ်ဖြစ်၊ အမှတ် ၂၁၊ မင်္ဂလာလမ်း၊ ၈ရပ်ကွက် (ကမာရွတ်မြို့နယ်) - 095122487
ရောင်စဥ်မဲ့ လူမှုကူညီရေးအသင်း (ကြည့်မြင်တိုင်မြို့နယ်) - 09259967778၊ 09799639331
အေးချမ်းမေတ္တာ လူမှုကူညီရေးအသင်း (အင်းစိန်မြို့နယ်) - 09751072309
Naing Family - အရောင်း/အငှား၊ အမှတ်(၂၈၈)၊ ကုန်သည်လမ်း (ဗိုလ်တထောင်မြို့နယ်) - 09952218898
Naing Family - အရောင်း/အငှား၊ အမှတ် ၁၉/၂၀၊ ပုဇွန်တောင်စက်မှုဇုံလမ်း (တောင်ဥက္ကလာပမြို့နယ်) - 09443043094၊ 09443196913
အောင်မြန်မာ - အရောင်း၊ ဟံသာဝတီပျိုးဥယျာဥ်ဝန်း၊ ကျွန်းတောလမ်းမ (ကမာရွတ်မြို့နယ်) - 0973009532၊ 098612738၊ 09266027185၊ 0973011903
Unity Oxygen - အရောင်း၊ အမှတ် ၂၈၆၊ စက်မှုလမ်းသွယ်၊ (၆)လမ်း၊ ဇုံ (၁)၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။