ရန်ကုန်စျေးကွက်အတွင်း၌ လေးလအတွင်း သား၊ ငါး၊ ပုစွန်စျေး အတက်အကျရှိခဲ့ပြီး စားဖိုဆောင်ပစ္စည်းများ စျေးနှုန်း အကျဘက်သို့ ရောက်ရှိနေသော်လည်း စားသုံးဆီစျေး တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်အထိ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။
ရန်ကုန်စျေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့်စျေးနှုန်းများအရ ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ရှိခဲ့သော်လည်း ဇွန်လ ပထမပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၈၀၀ ဝန်းကျင်သာ ရှိခဲ့သည်။ အသား၊ငါးစျေးနှုန်း သိသိသာသာ မြင့်တက်ခြင်း မရှိခဲ့သော်လည်း ကြက်သားစျေးနှုန်းများ အတက်အကျဖြစ်ပေါ်ခဲ့သည်။
ားသုံးဆီများဖြစ်သည့် မြေပဲဆီ (ရှယ်) အမေထွား တစ်ပိဿာလျှင် ဖေဖော်ဝါရီ ၅ ရက်က ၇၇၀၀ သာ ရှိသော်လည်း ဇွန်လ ပထမပတ်အတွင်း ကျပ် ၈၂၅၀ အထိ၊နှမ်းဆီ တစ်ပိဿာလျှင် ဖေဖော်ဝါ ရီ ၅ ရက်က ကျပ် ၉၀၀၀ ရှိခဲ့ရာမှ ဇွန်လ ပထမပတ်အတွင်း ကျပ် ၉၁၅၀ အထိ၊ စားအုန်းဆီ တစ်ပိဿာလျှင် ဖေဖော်ဝါရီ ၅ ရက်က ကျပ် ၂၆၀၀ သာ ရှိခဲ့သော်လည်း ဇွန်ပထမပတ်တွင် ကျပ် ၃၅၀၀ အထိ မြင့်တက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအတွင်း လောင်စာဆီများ အပါအဝင် သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးနှုန်း ရာခိုင်နှုန်း ၁၀ နီးပါးနှင့်အထွေထွေကုန်ပစ္စည်းအုပ်စုဝင်များ ခြောက်ရာခိုင်နှုန်းကျော် မြင့်တက်ခြင်းနှင့်အတူ အခြားသော အဝတ်အထည်၊ ပြင်ပအစားအစာအုပ်စုများ၏ စျေးနှုန်းများ အသီးသီးမြင့်တက်လာခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။