နော်ဝေးဆိုတာ ကမ္ဘာ့နေချင်စရာ အကောင်းဆုံးနိုင်ငံတွေစာရင်းမှာ ထိပ်ပိုင်းမှာပဲ အမြဲရပ်တည်နေကျ နိုင်ငံတစ်နိုင်ငံပါ။ ဆီးနှင်းတွေ အမြဲ ဖုံးနေတတ်တဲ့ ဒီနိုင်ငံလေးက ဘယ်အချက်တွေကြောင့် ဒီလောက်တောင် နေချင်စရာကောင်းနေရတာလဲ?? သိချင်ရင် အောက်မှာဆက်ဖတ်ကြည့်လိုက်ပါ။
လစာကောင်းခြင်း
နော်ဝေနိုင်ငံသားတွေဟာ အမေရိကန်နိုင်ငံသားတွေထက် တစ်နှစ်ကို ကန်ဒေါ်လာ (8000) လောက် ပျှမ်းမျပိုရကြပါတယ်။
ရာဇဝတ်မှု မရှိသလောက်နည်းခြင်း
မှုခင်းအနည်းဆုံးနိုင်ငံတွေ စာရင်းထဲမှာလည်း နော်ဝေနိုင်ငံကပါပါတယ်။ ရဲတွေကလည်း မှုခင်းနည်းတော့ ကားတွေစီးစရာမလိုပဲ မြင်းတွေစီးပြီးပဲ ကင်းလှည့်လေ့ရှိကြပါတယ်။
ပညာရေး စနစ်ကောင်းခြင်း
နော်ဝေနိုင်ငံသားတွေဟာ အသက် (၁၈) နှစ်အထိ အခမဲ့ကျောင်းတက်လို့ရပါတယ်။ ထို့အပြင် နော်ဝေဟာ ကမ္ဘာပေါ်မှာအရွယ်ရောက်ပြီးသူစာတတ်မြောက်နှုန်း အများဆုံးနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်တဲ့။
ပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးခြင်း
နော်ဝေဟာ အလှပဆုံးနိုင်ငံများထဲမှာ ပါသလို သူ့ရဲ့ မြစ်၊ ချောင်းတွေရဲ့ 60% ဟာလည်း ဂေဟစနစ်ကောင်းမွန်ကြပါတယ်။ မြို့လယ်ကောင်မှာ ကားစီးခွင့်မရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံပါ။
အသက်ရှည်ခြင်း
နော်ဝေနိုင်ငံသားတွေဟာ ပျှမ်းမျ (၈၂နှစ်) နဲ့ဒုတိယ သက်တမ်းအရှည်ဆုံးလူသားတွေပါ (ပထမက ဂျပန်ဖြစ်ပြီး (၈၄) နှစ်ရှိပါတယ်)။ ကျန်းမာရေးစောင့်ရှောက်မှု အတွက်အသုံးအများဆုံး နိုင်ငံဖြစ်ပြီး အစိုးရအနေနဲ့ လူတစ်ယောက်ကိုတစ်နှစ် (၉,၇၁၅) ကန်ဒေါ်လာသုံးစွဲထားပါတယ်။