Yangon Trend

၂၀၂၁ ခုနှစ်မှစတင်ကာ ဝန်ဆောင်မှုပေးတော့မည့် ရန်ကုန်အထူးကုဆေးရုံသစ်ကြီး

Read 11457 times

ပြည်သူဆေးရုံဆိုသည်မှာ ပြည်သူများကို အခမဲ့ (သို့) ကုန်ကျစရိတ်နည်းပါးစွာဖြင့် ဝန်ဆောင်မှုပေးနေသော နေရာများဖြစ်သည်။ ထိုသို့ ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် လူလတ်တန်းစားများမှာ အစိုးရပြည်သူ့ဆေးရုံကြီးများကို အလွန်အမင်း မှီခိုအားထားနေရလျက်ရှိပြီး  လူနာများမှာလည်း တစ်ရက်တစ်ရက် တိုးပွားလျက်ရှိသည်။ ရလဒ်အနေဖြင့် ရန်ကုန်ဆေးရုံကြီးအနေဖြင့် လူနာများအားလုံးကို လက်ခံရန် မလွယ်ကူပေ။

ထို့ကြောင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့်ပူးပေါင်းပြီး ရန်ကုန်အထူးကုဆေးရုံအသစ်ကို တည်ဆောက်လျက်ရှိရာ (၂၀၂၁) ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဟု မျော်လင့်ရသည်။ အဆိုပါ အထူးကုဆေးရုံအသစ်မှာ ပြည်လမ်းရှိ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့တွင်တည်ရှိသည်။ 

ဆေးရုံသစ် ပန္တတ်ချပွဲကို ဧပရယ် (၂၈) (၂၀၁၉) ခုနှစ်တွင် စတင်ခဲ့ပြီး ဂျပန်မှကျွမ်းကျင်သူများနှင့် မြန်မာ အင်ဂျင်နီယာများ ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ဤ ဆေးရုံတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ ဂျပန်ယန်း (၈.၆၆၁) ဘီလီယံထောက်ပံ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ကျပ်(၄၂) ဘီလီယံအကုန်အကျခံ မည်ဖြစ်သည်။

ဤဆေးရုံသစ်ကြီးတွင် ခေတ်မီဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ ခေတ်မီဆေးဝါးများအပြင် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းကိရိယာများကို ရရှိနိုင်သည့်အပြင် ဂျပန်နိုင်ငံမှ ကျန်းမာရေးစောက်ရှောက်မှု စနစ်ကို အသုံးပြုကာ အာရုံကြောနှင့် နှလုံးရောဂါဆိုင်ရာ ရောဂါများကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။  

By Aung Myo Hein

Bookmark