Yangon Trend

တရုတ်ပြည်မှမှာယူထားသည့် လေအိတ်ရထားတွဲများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာ

Read 689 times

အသစ်မှာယူထားသည့် လေအိတ်ရထားတွဲအသစ်များ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာပြီဟု သိရှိရသည်။ အတိုးမဲ့ စနစ်ဖြင့် လူစီးတွဲဆိုင်း (၂၈)ဆိုင်းကို ဝယ်ယူထားတာဖြစ်ပြီး သီလဝါ MITT ဆိပ်ကမ်းကို ရောက်လာတာပဲဖြစ်ပါတယ်။ သင်္ဘောပေါ်မှတစ်ဆင့် ကားပေါ်၊ ထိုမှတစ်ဆင့် ရထားသံလမ်းပေါ်ကို အဆင့်ဆင့် ထားရှိသွားမှာပါ။ 

ယခု မြန်မာ့မီးရထားမှာရှိတဲ့ စက်ခေါင်းတွဲတွေနဲ့ အသစ်ရောက်လာတဲ့ တွဲဆိုင်းတွေကို ချိတ်ဆက်အသုံးပြုမှာဖြစ်ပြီးတော့ မြန်မာ့မီးရထားရဲ့ စံသတ်မှတ်ချက်ဖြ့စ်တဲ့ တွဲဆိုင်းတစ်ဆိုင်းကို အလျား ပေ(၆၀)နဲ့ အနံ (၉ပေ ၃လက်မ) အမြင့်အနေနဲ့ (၁၁ပေ ၂လက်မ) အသီးသီးရှိပြီး Break စနစ်မှာလည်း Air Break စနစ်ဖြစ်တယ်လို့  မြန်မာ့မီးရထား လက်ထောက်အထွေထွေ မန်နေဂျာ ဦးထွန်းရွှေ မှပြောကြားပါတယ်။

အဆိုပါ တွဲဆိုင်းအသစ်များကို လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်ကို) (၁၄) တွဲစီ ခွဲ၍ပို့ဆောင်သွားမှာဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် အများပြည်သူ စီးနင်းနိုင်သည်အထိ အဆင့်အဆင့်လုပ်ဆောင်သွားမည်ဟု သိရှိရသည်။ 

 

Bookmark