Movies

Netflix ရဲ့ Hot အဖြစ်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်တဲ့ The Old Guard

Read 649 times

By WMMH (Mizzy) 

ရုံးပိတ်ရက်မှာ ဇာတ်လမ်းတွေကြည့်ရင်း အိမ်တွင်းပုန်းဖို့ စဉ်းစားနေကြတဲ့ သူတွေ ရှိလား? ဇာတ်လမ်းဇာတ်အိမ် ခိုင်မာတဲ့ Action ဇာတ်ကားကောင်းကောင်းကိုမှ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ပတ်မှာတော့ The Old Guard ဆိုတဲ့ Action ဇာတ်လမ်းကောင်းလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီဇာတ်လမ်းလေးက မကြာသေးခင်ကမှ Netflix မှာ အသစ်စက်စက် ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပြီး IMDb Rating 7.1 အထိ ရရှိခဲ့ပြီး Review ပေါင်းများစွာနဲ့ အောင်မြင်မှု ရရှိနေတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

အဓိက ပါဝင်ထားတဲ့ အမျိုးသမီး ဇာတ်ဆောင်ကလည်း  “  Hancock “ လို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ မင်းသား‌တွေနှင့်အပြိုင် ရင်ဘောင်တန်းခဲ့သည့်သူ၊ Mad Max: Fury Road မှာလည်း အဓိကနေရာကနေ အားဖြည့် သရုပ်ဆောင်ဖူးခဲ့တဲ့ မင်းသမီးကြီး Charlize Theron  ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ..

အန်ဒီဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ဘယ်သောအချိန်အခါမှာမှ သေဆုံးခြင်းမရှိပဲ ထာ၀ရ အသက်ရှင်နိုင်တဲ့ အံ့ဩဖွယ် အမျိုးသမီး စစ်သည်တော်တစ်ဦးပါ။ သူဟာ အသက်ရှင်ခဲ့တာ နှစ်တွေကြာနေပြီဖြစ်လို့ ကိုယ့်အသက်ကိုယ်တောင် မမှတ်မိတော့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။

သူက သူနဲ့မျိူးတူ လူသားတွေကို ပေါင်းစုပြီး သူတို့ ခံယူချက်အတိုင်း မှန်တယ်ထင်တဲ့အရာတွေကို လုပ်ဆောင်နေကြပြီး သူတို့ဟာ မသေနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းထားကြပါတယ်။

တစ်နေ့မှာတော့ သူတို့ဟာ မသေနိုင်တဲ့ သူတွေဖြစ်ကြောင်းကို သံသယ၀င်တဲ့သူ ရှိလာပါတယ်။ အဲ့ဒီလူက သူတို့ကိုဖမ်းပြီး သိပ္ပံနည်းအရ စမ်းသပ်ချင်တာ ဖြစ်ပြီးတော့ စမ်းသပ်မှုအောင်မြင်ရင် လူတွေကို မသေ‌စေနိုင်တဲ့ဆေးတွေ ထုတ်နိုင်မယ်လို့ ယုံကြည်နေတဲ့သူပေါ့။

ဇာတ်လမ်းအဆုံးမှာတော့ အန်ဒီနဲ့ သူရဲ့ အပေါင်းအပါတွေက အဲ့ဒီလူကို အနိုင်ယူနိုင်ပါ့မလား။ တကယ်ရော သူတို့က ဘယ်တော့မှ မသေနိုင်တဲ့ သူတွေလားဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမယ့် Action ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

The Old Guard ဇာတ်ကား Download ရယူနိုင်မယ့် လင့်ခ်ကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ်နော်။
Format……….: MP4
Quality………..: Web-rip
Resolution….: 1080p, 720p, 480p
Duration……..: 2h 5min
Translator…..: Oot Poppy
Encoder………: MZM
Link >> https://cutt.ly/YsLXyvs

Source from MMSubtitles

Bookmark