Health Yangon Trend

Covid-19 ရှိမရှိ စစ်ဆေးပေးနေတဲ့ အမျိုးသားကျန်းမာ‌ရေးဓါတ်ခွဲဌာန (NHL) အကြောင်း

Read 1559 times

ရန်ကုန်မြို့ အမျိုးသားကျန်းမာ‌ရေးဓါတ်ခွဲဌာန ( National Health Laboratory ) ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးရှိမရှိကို လတ်တလော စစ်ဆေးစမ်းသပ်နိုင်တဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်။

ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းမပေါ်က  အမွေအနှစ် အဆောက်အအုံတစ်ခုမှာ တည်ရှိပါတယ်။ 

အမျိုးသားကျန်းမာ‌ရေးဓါတ်ခွဲဌာနကို ၁၉၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ပြင်သစ်လူမျိုး ဓါတု‌ဗေဒနဲ့အဏုဇီဝ ပညာရှင် Louis Pasteur ကို အစွဲပြုပြီး Pasteur Institute အဖြစ် အမည်တွင်ခဲ့ပါတယ်။ 

Pasteur Institute ဟာ မြန်မာနိုင်ငံမှာ ထိုအချိန်က အလွန်လိုအပ်နေတဲ့ ခွေးရူးပြန်ရောဂါ ကုသတဲ့နေရာအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။ ဆိုရှယ်လစ်ခေတ်မှာတော့ အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာန ဖြစ်လာပြီး ယနေ့ထက်တိုင် ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို မကြာသေးခင်ကပဲ အဆင့်မြှင့်တင်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့မှ COVID-19 သံသယရှိလူနာများဆီက ဓါတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေး ထုတ်ပြန်ပေးနေပါတယ်။

ဓါတ်ခွဲခန်းမှာ အဏုဇီဝ ပညာရှင်များနဲ့ ဓာတ်ခွဲခန်းကျွမ်းကျင်းပညာရှင်တို့က COVID-19 ရောဂါပိုးပြန့်ပွားခြင်းကို လျှော့ချနိုင်ဖို့အတွက် နေ့မအားညမနား စမ်းသပ်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ 

Su Mon Oo ( Mine )
Yangon Heritage Trust 

==============================

Covid-19 ရွိမရွိ စစ္ေဆးေပးေနတဲ့ အမ်ိဳးသားက်န္းမာ‌ေရးဓါတ္ခြဲဌာန (NHL) အေၾကာင္း

ရန္ကုန္ၿမိဳ႕ အမ်ိဳးသားက်န္းမာ‌ေရးဓါတ္ခြဲဌာန ( National Health Laboratory ) ဟာ ျမန္မာႏိုင္ငံမွာ ကမာၻ႔ကပ္ေရာဂါ COVID-19 ေရာဂါပိုးရွိမရွိကို လတ္တေလာ စစ္ေဆးစမ္းသပ္ႏိုင္တဲ့ တစ္ခုတည္းေသာေနရာ ျဖစ္ပါတယ္။

ဒဂုံၿမိဳ႕နယ္၊ ေမာ္ကြန္းတိုက္လမ္းမေပၚက  အေမြအႏွစ္ အေဆာက္အအုံတစ္ခုမွာ တည္ရွိပါတယ္။ 

အမ်ိဳးသားက်န္းမာ‌ေရးဓါတ္ခြဲဌာနကို ၁၉၁၅ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တာ ျဖစ္ၿပီး ျပင္သစ္လူမ်ိဳး ဓါတု‌ေဗဒနဲ႔အဏုဇီဝ ပညာရွင္ Louis Pasteur ကို အစြဲျပဳၿပီး Pasteur Institute အျဖစ္ အမည္တြင္ခဲ့ပါတယ္။ 

Pasteur Institute ဟာ ျမန္မာႏိုင္ငံမွာ ထိုအခ်ိန္က အလြန္လိုအပ္ေနတဲ့ ေခြး႐ူးျပန္ေရာဂါ ကုသတဲ့ေနရာအျဖစ္ စတင္အသုံးျပဳခဲ့ပါတယ္။ ဆိုရွယ္လစ္ေခတ္မွာေတာ့ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲဌာန ျဖစ္လာၿပီး ယေန႔ထက္တိုင္ ဆက္လက္အသုံးျပဳေနဆဲ ျဖစ္ပါတယ္။ 

အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနကို မၾကာေသးခင္ကပဲ အဆင့္ျမႇင့္တင္ခဲ့ၿပီး ျမန္မာႏိုင္ငံအႏွံ႔မွ COVID-19 သံသယရွိလူနာမ်ားဆီက ဓါတ္ခြဲနမူနာမ်ားကို စမ္းသပ္စစ္ေဆး ထုတ္ျပန္ေပးေနပါတယ္။

ဓါတ္ခြဲခန္းမွာ အဏုဇီဝ ပညာရွင္မ်ားနဲ႔ ဓာတ္ခြဲခန္းကြၽမ္းက်င္းပညာရွင္တို႔က COVID-19 ေရာဂါပိုးျပန႔္ပြားျခင္းကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ေန႔မအားညမနား စမ္းသပ္မႈမ်ား ေဆာင္႐ြက္လ်က္ရွိပါတယ္။ 

Su Mon Oo ( Mine )
Yangon Heritage Trust 

Bookmark