Careers & Jobs Travel

ဆောင်းခိုငှက်၊ ရေပျော်ငှက်များကို လေ့လာနိုင်မယ့် ရန်ကုန်မြို့နားက မိုးယွန်းကြီးအင်း ဘေးမဲ့တော

Read 949 times

အကျယ်အဝန်းမှာ ၁၀၃.၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ပြန့်ပြူးသောမြေနေရာဖြစ်ပြီး မိုးရာသီတွင် ရေဝပ်ခါ နွေရာသီတွင်တော့ ရေခမ်းလေ့ရှိသည်။

မိုးယွန်းကြီးအင်းဘေးမဲ့တောကို ဒေသတွင်းငှက်များနှင့် ဆောင်းခိုငှက်များ၏ ကျတ်စားရာနေရာဒေသများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမူကြောင့် Ramsar Site အဖြစ် ၂၀၀၅ ခုနှစ်မှစ၍ သတ်မှတ်ထားသည်။

ရေတိမ်စားကျတ်များက ဌာနေနှင့် ဆောင်းခိုငှက်များ၏ ဂေဟစနစ်တန်ဖိုးကို မြင့်မားလာစေသည်။ ဆေးဖတ်ဝင်အပင်(Emergent macrophytes)၊ Oxyza officinalis၊ Kaing grass အပါအဝင် သစ်ပင်အမျိုးပေါင်း (၂၀) ခန့်ရှိသည်။

ထို ရေတိမ်ဒေသအပင်များသည် ငှက်များအတွက် စားကျတ်များဖြစ်နေကြသည်။ စာရင်းဇယားများအရ ငှက်မျိုးစိတ် (၁၃၀)၊ တွားသွားသတ္တဝါ (၂၀)၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ ငါး (၄၅)မျိုးနှင့် အင်းဆတ်(၃၀) မျိုး ကျတ်စားနေထိုင်ကြသည်။

တရားမဝင်ငါးဖမ်းခြင်း၊ လျှပ်စစ်ရှော့တိုက်ဖမ်းခြင်းတို့အပါအဝင် ငါးအလွန်အကျွံဖမ်းခြင်းနှင့် ကြုံတွေ့နေရသည်။ ထို့ပြင် ခြောက်သွေ့သောရာသီ၌ ဘေးမဲ့တော၏ ရွံနွံထူထပ်သော နေရာဒေသများတွင် ကျွဲ၊ နွား များ အမြောက်အမြား ကျောင်းခြင်းအပြင် မြို့ပြဧရိယာနှင့် စပါးစိုက်ကွက်များတိုးချဲ့လာခြင်း အန္တရာယ်များနှင့်ရင်ဆိုင်နေရသည်။

၂၀၀၉ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၂,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့သည်။ ငှက်ချစ်သူများနှင့် သဘာဝပတ်ဝန်းကျင် မြတ်နိုးသူများ လည်ပတ်လေ့ရှိသည်။

လမ်းပမ်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-မန္တလေး မော်တော်ကားလမ်းအတိုင်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်မှ အရှေ့ဘက်သို့ ၆ ဖာလုံခန့် ဝင်ရောက်လျှင် အင်းသို့ ရောက်သည်။

မိုးယွန်းကြီးအင်း ဘေးမဲ့တောတွင်

(က) ရန်ကုန်မြို့နှင့်အနီးဆုံး ရေတိမ်ဒေသတစ်ခုအနေနဲ့ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း။
(ခ) သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊
(ဂ) ရေတိမ်ဒေသဂေဟစနစ်ဖြစ်စဉ်များ သုတေသနပြုလုပ်လေ့လာနိုင်ခြင်း၊
(ဃ) ရေပျော်ငှက်များအပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၅)မျိုးအား လေ့လာနိုင်ခြင်း စသည်တို့ကို ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ ရရှိစေပါသည်။

May Thu Thu ( Yangon Directory )
Source: Wiki

(Zawgyi)

ေဆာင္းခိုငွက္၊ ေရေပ်ာ္ငွက္မ်ားကို ေလ့လာႏိုင္မယ့္ ရန္ကုန္ၿမိဳ႕နားက မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာ

မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာကို ၁၉၈၈ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ပဲခူးတိုင္းေဒသႀကီး၊ ပဲခူးၿမိဳ႕နယ္ႏွင့္ ေဝါၿမိဳ႕နယ္အတြင္းတြင္ တည္ရွိသည္။

အက်ယ္အဝန္းမွာ ၁၀၃.၆ စတုရန္းကီလိုမီတာ က်ယ္ဝန္းသည္။ ျပန႔္ျပဴးေသာေျမေနရာျဖစ္ၿပီး မိုးရာသီတြင္ ေရဝပ္ခါ ေႏြရာသီတြင္ေတာ့ ေရခမ္းေလ့ရွိသည္။

မိုးယြန္းႀကီးအင္းေဘးမဲ့ေတာကို ေဒသတြင္းငွက္မ်ားႏွင့္ ေဆာင္းခိုငွက္မ်ား၏ က်တ္စားရာေနရာေဒသမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ရည္႐ြယ္၍ တည္ေထာင္ခဲ့သည္။

မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာအား ကမာၻလုံးဆိုင္ရာ အေရးပါေသာ ငွက္မ်ိဳးစိတ္မ်ား က်က္စားေနမူေၾကာင့္ Ramsar Site အျဖစ္ ၂၀၀၅ ခုႏွစ္မွစ၍ သတ္မွတ္ထားသည္။

ေရတိမ္စားက်တ္မ်ားက ဌာေနႏွင့္ ေဆာင္းခိုငွက္မ်ား၏ ေဂဟစနစ္တန္ဖိုးကို ျမင့္မားလာေစသည္။ ေဆးဖတ္ဝင္အပင္(Emergent macrophytes)၊ Oxyza officinalis၊ Kaing grass အပါအဝင္ သစ္ပင္အမ်ိဳးေပါင္း (၂၀) ခန႔္ရွိသည္။

ထို ေရတိမ္ေဒသအပင္မ်ားသည္ ငွက္မ်ားအတြက္ စားက်တ္မ်ားျဖစ္ေနၾကသည္။ စာရင္းဇယားမ်ားအရ ငွက္မ်ိဳးစိတ္ (၁၃၀)၊ တြားသြားသတၱဝါ (၂၀)၊ ကုန္းေနေရေန သတၱဝါ (၉)မ်ိဳး၊ ငါး (၄၅)မ်ိဳးႏွင့္ အင္းဆတ္(၃၀) မ်ိဳး က်တ္စားေနထိုင္ၾကသည္။

တရားမဝင္ငါးဖမ္းျခင္း၊ လွ်ပ္စစ္ေရွာ့တိုက္ဖမ္းျခင္းတို႔အပါအဝင္ ငါးအလြန္အကြၽံဖမ္းျခင္းႏွင့္ ႀကဳံေတြ႕ေနရသည္။ ထို႔ျပင္ ေျခာက္ေသြ႕ေသာရာသီ၌ ေဘးမဲ့ေတာ၏ ႐ြံႏြံထူထပ္ေသာ ေနရာေဒသမ်ားတြင္ ကြၽဲ၊ ႏြား မ်ား အေျမာက္အျမား ေက်ာင္းျခင္းအျပင္ ၿမိဳ႕ျပဧရိယာႏွင့္ စပါးစိုက္ကြက္မ်ားတိုးခ်ဲ႕လာျခင္း အႏၲရာယ္မ်ားႏွင့္ရင္ဆိုင္ေနရသည္။

၂၀၀၉ ခုႏွစ္တြင္ ႏိုင္ငံျခားခရီးသြားဧည့္သည္ ၂,၀၀၀ ေက်ာ္ လာေရာက္လည္ပတ္ခဲ့သည္။ ငွက္ခ်စ္သူမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ ျမတ္ႏိုးသူမ်ား လည္ပတ္ေလ့ရွိသည္။

လမ္းပမ္းဆက္သြယ္ေရးအေနျဖင့္ ရန္ကုန္-မႏၲေလး ေမာ္ေတာ္ကားလမ္းအတိုင္း ၆၉ မိုင္ခန႔္အကြာ ပ်ဥ္ပုံႀကီး႐ြာအလြန္မွ အေရွ႕ဘက္သို႔ ၆ ဖာလုံခန႔္ ဝင္ေရာက္လွ်င္ အင္းသို႔ ေရာက္သည္။

မိုးယြန္းႀကီးအင္း ေဘးမဲ့ေတာတြင္

(က) ရန္ကုန္ၿမိဳ႕ႏွင့္အနီးဆုံး ေရတိမ္ေဒသတစ္ခုအေနနဲ႔ ေရေပ်ာ္ငွက္မ်ား၊ ေဆာင္းခိုငွက္မ်ားကို ေလ့လာၾကည့္ရႈႏိုင္ျခင္း။
(ခ) သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ျခင္း၊
(ဂ) ေရတိမ္ေဒသေဂဟစနစ္ျဖစ္စဥ္မ်ား သုေတသနျပဳလုပ္ေလ့လာႏိုင္ျခင္း၊
(ဃ) ေရေပ်ာ္ငွက္မ်ားအပါအဝင္ ငွက္မ်ိဳးစိတ္ေပါင္း (၇၅)မ်ိဳးအား ေလ့လာႏိုင္ျခင္း စသည္တို႔ကို ၾကည့္ရႈေလ့လာႏိုင္ေသာ အခြင့္အလမ္းမ်ား ရရွိေစပါသည္။

Bookmark