လျှပ်စစ်မီတာခများ ပေးဆောင်ရာတွင် လူစုလူဝေး လျော့ကျစေရန်အတွက် ဖြစ်နိုင်ပါက မီတာခများအား Bank များ၊ Mobile Banking များမှတစ်ဆင့် ပေးဆောင်စေလိုကြောင်း YESC မှ တိုက်တွန်းထားသည်။
မီတာခ ပေးဆောင်နိုင်မည့် ဘဏ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ
1. CB Bank (01-2317770), (01-2317936)
2. AGD Bank (01-2399333)
3. UAB Bank (01-8551336)
4. MAB Bank (01-8610612)
5. KBZ Bank (KBZ Mobile) (09-951018555)
(KBZ Pay ) (09-969963211)
6. MOB Bank (01-372338)
7. OK Dollar (OK$) (09-969600000)
8. Myanmar Computer Co., Ltd (MCC) (09-254114004)
9. Titan Source Co., Ltd (09-677879763)
မဖြစ်မနေ ငွေလက်ခံကောင်တာသို့ လာရောက်ပေးဆောင်ရမည်ဆိုပါက Mask တပ်ဆင်လာပေးခြင်း၊ လက်ဆေးခြင်း၊ မီတာခ ကျသင့်ငွေကို တိကျစွာ ယူဆောင်လာခြင်းဖြင့် ပြန်အမ်းငွေ စောင့်ဆိုင်းစရာ မလိုအပ်တော့၍ လူစုလူဝေး လျော့ကျစေမည် ဖြစ်သည်။
လက်ရှိတွင် မတ်လအတွက် ဧပြီလတွင် ပေးဆောင်ရမည့် မီတာခများကို မေလ (၂၀) ရက်နေ့ထိ နောက်ဆုံးထား ပေးဆောင်ရန် ရက်ထပ်မံ တိုးမြှင့်ပေးထားကြောင်း YESC မှ သိရသည်။
Su Mon Oo ( Mine )
============================
အြန္လိုင္းမွ မီတာခ ေပးေဆာင္ႏိုင္မည့္ ဘဏ္ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္း ( ၉ ) ခု
လွ်ပ္စစ္မီတာခမ်ား ေပးေဆာင္ရာတြင္ လူစုလူေဝး ေလ်ာ့က်ေစရန္အတြက္ ျဖစ္ႏိုင္ပါက မီတာခမ်ားအား Bank မ်ား၊ Mobile Banking မ်ားမွတစ္ဆင့္ ေပးေဆာင္ေစလိုေၾကာင္း YESC မွ တိုက္တြန္းထားသည္။
မီတာခ ေပးေဆာင္ႏိုင္မည့္ ဘဏ္မ်ားႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား
1. CB Bank (01-2317770), (01-2317936)
2. AGD Bank (01-2399333)
3. UAB Bank (01-8551336)
4. MAB Bank (01-8610612)
5. KBZ Bank (KBZ Mobile) (09-951018555)
(KBZ Pay ) (09-969963211)
6. MOB Bank (01-372338)
7. OK Dollar (OK$) (09-969600000)
8. Myanmar Computer Co., Ltd (MCC) (09-254114004)
9. Titan Source Co., Ltd (09-677879763)
မျဖစ္မေန ေငြလက္ခံေကာင္တာသို႔ လာေရာက္ေပးေဆာင္ရမည္ဆိုပါက Mask တပ္ဆင္လာေပးျခင္း၊ လက္ေဆးျခင္း၊ မီတာခ က်သင့္ေငြကို တိက်စြာ ယူေဆာင္လာျခင္းျဖင့္ ျပန္အမ္းေငြ ေစာင့္ဆိုင္းစရာ မလိုအပ္ေတာ့၍ လူစုလူေဝး ေလ်ာ့က်ေစမည္ ျဖစ္သည္။
လက္ရွိတြင္ မတ္လအတြက္ ဧၿပီလတြင္ ေပးေဆာင္ရမည့္ မီတာခမ်ားကို ေမလ (၂၀) ရက္ေန႔ထိ ေနာက္ဆုံးထား ေပးေဆာင္ရန္ ရက္ထပ္မံ တိုးျမႇင့္ေပးထားေၾကာင္း YESC မွ သိရသည္။
Su Mon Oo ( Mine )