Yangon Trend

မီတာခ လှည့်လည် ကောက်ခံပေးနေသည့် ရန်ကုန်ရှိ မြို့နယ် ( ၁၉ ) ခု

Read 990 times

ရပ်ကွက်များအတွင်း လျှပ်စစ်ဓါတ်အားခများ လှည့်လည်​ကောက်ခံခြင်းကို ရန်ကုန်ရှိ မြို့နယ် ( ၁၉ ) ခုတွင် ဘီလ်တစ်​စောင်လျှင် ဝန်​ဆောင်ခ ၃၀၀ကျပ် နှုန်းဖြင့် ဆက်လက် ကောက်ခံပေးသွားမည် ဖြစ်ကြောင်း YESC မှ သိရသည်။

အ​ရှေ့ပိုင်းခရိုင်အတွင်းရှိ သဃ်န်းကျွန်း၊ တာ​မွေ၊ ​တောင်ဥက္ကလာ၊ ဒဂုံမြို့သစ် (​တောင်ပိုင်း )၊ ဒဂုံဆိပ်ကမ်း၊ မဂ်လာ​တောင်ညွန့်၊ သာ​ကေတ၊ ပုဇွန်​တောင်နှင့် ဗိုလ်တ​ထောင်မြို့နယ်များကို Titan Source Co.,Ltd မှ ကောက်ခံပေးသွားမည် ဖြစ်သည်။

အ​နောက်ပိုင်းခရိုင်နှင့် ​မြောက်ပိုင်းခရိုင်အတွင်းရှိ လှိုင်၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်း​ချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ​ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်များအား Myanmar Computer Co., Ltd မှ လှည့်လည် ​ကောက်ခံပေးသွားမည် ဖြစ်သည်။

အထူးအစီအစဥ် တစ်ရပ်အ​နေဖြင့် အဆိုပါကုမ္ပဏီများမှ မ​ကောက်ခံနိုင်​သော ကျန်မြို့နယ်များတွင် YESC ဌာနမှရှိသည့် ဝန်ထမ်းများကို ထုတ်နုတ်၍ ဝန်​ဆောင်ခမယူဘဲ ယခုလကုန်အထိ လှည့်လည် ကောက်ခံ​ပေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အား​ပေး​ရေး​ကော်ပို​ရေးရှင်းမှ ၂၀၂၀ ပြည့်နှစ် မတ်လအတွက် လျှပ်စစ်ဓါတ်အားခများကို ​မေလ ၂၀ရက်​​နေ့ ​​နောက်ဆုံးထား​ပေးသွင်းကြပါရန် အသိ​ပေး​ကြေညာခဲ့ပြီး ဖြစ်သည်။ 

COVID-19 ကာလအတွင်း လူစုလူ​ဝေးဖြစ်​ပေါ်မှု လျော့နည်း​စေရန် မြို့နယ်အသီးသီး၏​ ကောင်တာများတွင်လည်း​ကောင်း၊ Mobile/ Online Banking များဖြင့်လည်း​ကောင်း ကောက်ခံ ​ဆောင်ရွက်​ပေး​နေသည့်အပြင် ယခုအခါ ရပ်ကွက်များသို့ ကားဖြင့် လှည့်လည်​ကောက်ခံခြင်းကိုပါ ​ဆောင်ရွက်​ပေးလျက် ရှိသည်။

Su Mon Oo ( Mine )

==============================

မီတာခ လွည့္လည္ ေကာက္ခံေပးေနသည့္ ရန္ကုန္ရွိ ၿမိဳ႕နယ္ ( ၁၉ ) ခု

လွ်ပ္စစ္ဓါတ္အားခမ်ားကို ရပ္ကြက္မ်ားအတြင္း လွည့္လည္​ေကာက္ခံျခင္းကို ရန္ကုန္ရွိ ၿမိဳ႕နယ္ ( ၁၉ ) ခုတြင္ ဘီလ္တစ္​ေစာင္လွ်င္ ဝန္​ေဆာင္ခ ၃၀၀က်ပ္ ႏႈန္းျဖင့္ ဆက္လက္ ေကာက္ခံေပးသြားမည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။

အ​ေရွ႕ပိုင္းခ႐ိုင္အတြင္းရွိ သဃ္န္းကြၽန္း၊ တာ​ေမြ၊ ​ေတာင္ဥကၠလာ၊ ဒဂုံၿမိဳ႕သစ္ (​ေတာင္ပိုင္း )၊ ဒဂုံဆိပ္ကမ္း၊ မဂ္လာ​ေတာင္ၫြန္႔၊ သာ​ေကတ၊ ပုဇြန္​ေတာင္ႏွင့္ ဗိုလ္တ​ေထာင္ၿမိဳ႕နယ္မ်ားကို Titan Source Co.,Ltd မွ ေကာက္ခံေပးသြားမည္ ျဖစ္သည္။

အ​ေနာက္ပိုင္းခ႐ိုင္ႏွင့္ ​ေျမာက္ပိုင္းခ႐ိုင္အတြင္းရွိ လႈိင္၊ ကမာ႐ြတ္၊ အလုံ၊ ၾကည့္ျမင္တိုင္၊ စမ္း​ေခ်ာင္း၊ ဗဟန္း၊ မရမ္းကုန္း၊ လႈိင္သာယာ၊ ​ေ႐ႊျပည္သာႏွင့္ အင္းစိန္ၿမိဳ႕နယ္မ်ားအား Myanmar Computer Co., Ltd မွ လွည့္လည္ ​ေကာက္ခံေပးသြားမည္ ျဖစ္သည္။

အထူးအစီအစဥ္ တစ္ရပ္အ​ေနျဖင့္ အဆိုပါကုမၸဏီမ်ားမွ မ​ေကာက္ခံႏိုင္​ေသာ က်န္ၿမိဳ႕နယ္မ်ားတြင္ ဌာနမွရွိသည့္ ဝန္ထမ္းမ်ားကို ထုတ္ႏုတ္၍ ဝန္​ေဆာင္ခမယူဘဲ ယခုလကုန္အထိ လွည့္လည္ ေကာက္ခံ​ေပးမည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္လွ်ပ္စစ္ဓါတ္အား​ေပး​ေရး​ေကာ္ပို​ေရးရွင္းမွ ၂၀၂၀ ျပည့္ႏွစ္ မတ္လအတြက္ လွ်ပ္စစ္ဓါတ္အားခမ်ားကို ​ေမလ ၂၀ရက္​​ေန႔ ​​ေနာက္ဆုံးထား​ေပးသြင္းၾကပါရန္ အသိ​ေပး​ေၾကညာခဲ့ၿပီး ျဖစ္သည္။ 

COVID-19 ကာလအတြင္း လူစုလူ​ေဝးျဖစ္​ေပၚမႈ ေလ်ာ့နည္း​ေစရန္ ၿမိဳ႕နယ္အသီးသီး၏​ ေကာင္တာမ်ားတြင္လည္း​ေကာင္း၊ Mobile/ Online Banking မ်ားျဖင့္လည္း​ေကာင္း ေကာက္ခံ ​ေဆာင္႐ြက္​ေပး​ေနသည့္အျပင္ ယခုအခါ ရပ္ကြက္မ်ားသို႔ ကားျဖင့္ လွည့္လည္​ေကာက္ခံျခင္းကိုပါ ​ေဆာင္႐ြက္​ေပးလ်က္ ရွိသည္။

Su Mon Oo ( Mine )

Bookmark