ကမ္ဘာ့ဝင်ရိုးစွန်း မြောက်ဘက်ပိုင်းမှာ ပေါ်ထွက်တဲ့ အလင်းရောင် ( Aurora Borealis or Northern Lights ) နဲ့ တောင်ဘက်ပိုင်းမှာ ပေါ်ထွက်တဲ့ အလင်းရောင် ( Aurora Australis or Southern Lights ) ဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီထဲကမှ ကမ္ဘာပေါ်မှာ အလှပဆုံး၊ အထူးခြားဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာကတော့ နော်ဝေက Lofoten ကျွန်းပဲ ဖြစ်ပါတယ်။
Vågan, Vestvågøy, Flakstad, Moskenes, Værøy နဲ့ Røst စတဲ့ သာယာလှတဲ့ မြို့လေးတွေဟာ Lofoten ကျွန်းပေါ်မှာ တည်ရှိပြီး အဲဒီနေရာတွေကနေ Aurora Borealis ကို တစ်သက်မမေ့နိုင်စရာ မြင်တွေ့နိုင်မှာပါ။
ဒါပေမဲ့ Aurora Borealis ကို တစ်နှစ်ပတ်လုံး မြင်နိုင်ဖို့ကတော့ မလွယ်ကူပါဘူး။ အောက်တိုဘာလဟာ Aurora Borealis ကို ကြည့်ဖို့ အကောင်းဆုံးလဖြစ်ပြီး ဒီအလင်းရောင်တွေဟာ ည ၈ နာရီ၊ ၉ နာရီဝန်းကျင် အချိန်မှာပဲ ထွက်ပေါ်လာလေ့ ရှိပါတယ်။
သြဂုတ်လအကုန်ပိုင်း၊ ဖေဖော်ဝါရီလအစောပိုင်းနဲ့ မတ်လလယ်ကာလတွေမှာလည်း မြင်တွေ့ရနိုင်ချေ ရှိပေမဲ့ အောက်တိုဘာလလောက်တော့ ကောင်းကောင်းထင်ရှားစွာ မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။ မှိန်မှိန်လေးပဲ မြင်ရမှာပါ။
နောက်တစ်ချက်က လပြည့်ညတွေနဲ့ တိမ်ထူထပ်နေတဲ့ အချိန်တွေမှာလည်း Aurora Borealis ကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Weather ကိုတော့ မသွားခင် သေချာကြည့်သွားဖို့ လိုပါတယ်။
သွားလာနိုင်မယ့် လမ်းကြောင်းများ
ရန်ကုန်လေဆိပ်ကနေ Lotofen ကျွန်းကို သွားမယ်ဆိုရင် Oslo လေဆိပ်ကို လေယာဉ်အရင်စီးပါ။ မိမိရွေးချယ်တဲ့ လေယာဉ်ပေါ် မူတည်ပြီး ၂ ဆင့် သို့ ၃ ဆင့်တော့ စီးရနိုင်ပါတယ်။
လေယာဉ်စီးရချိန် ၁၅ နာရီ၊ ၅၅ မိနစ်ကနေ ရာသီဥတုနဲ့ ဆိုက်ရောက်ကြာချိန်ပေါ် မူတည်ပြီး ၆၆ နာရီလောက်ထိ ကြာမြင့်နိုင်ပါတယ်။ ဈေးနှုန်းကတော့ အသွားအပြန်ကို အမေရိကန်ဒေါ်လာ ၁,၀၄၂ ကနေ ၆,၇၂၈ အထိ အမျိုးမျိုး ရှိပါတယ်။
Oslo ကနေမှတဆင့် ကားနဲ့ဖြစ်စေ၊ ရထားနဲ့ဖြစ်စေ၊ သင်္ဘောနဲ့ဖြစ်စေ ဆက်သွားတာက ပိုပြီး အကုန်အကျ သက်သာပါတယ်။ အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံး လမ်းကြောင်းကတော့ Svolvær ကို လေယာဉ်ထပ်စီးလိုက်တာပါပဲ။
Leknes လေဆိပ်၊ Svolvær လေဆိပ်၊ Røst လေဆိပ်၊ Stokmarknes လေဆိပ်၊ Harstad/Narvik လေဆိပ်တွေကတော့ Lofoten ကျွန်းကို တိုက်ရိုက် ရောက်ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်ကသွားမယ်ဆိုရင် လေယာဉ် ၃၊ ၄ ဆင့်လောက် စီးရပြီး အချိန်လည်း ပိုကြာသလို ငွေကုန်ကြေးကျလည်း ပိုများပါတယ်။
တည်းခိုလို့ရမယ့် နေရာများ
အပေါ်မှာ ဖော်ပြထားတဲ့ ဟိုတယ်ဈေးနှုန်းတွေက နှစ်ယောက်ခန်း၊ တစ်ညအိပ်ဈေးနှုန်းတွေ ဖြစ်ပြီး ခရီးသွားကာလပေါ်မူတည်ပြီး အနည်းငယ်တော့ ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ်။
Norwegian အစားအစာတွေ ရရှိနိုင်မယ့် စားသောက်ဆိုင်များ
မြည်းစမ်းကြည့်သင့်တဲ့ အစားအသောက်များ
Lofoten ကျွန်းကို သွားမယ်ဆိုရင် အနည်းဆုံး တစ်ပတ်လောက်တော့ အေးအေးဆေးဆေး နေသင့်ပါတယ်။ ကောင်းကင်ပေါ်မှာ အစိမ်းရောင် အလင်းတန်းတွေ ကပြနေသလို မြင်ရမယ့် မြင်ကွင်းက တစ်သက်မမေ့နိုင်စရာပါပဲ။
နော်ဝေ Lofoten ကျွန်းဟာ ၂၀၀၂ ခုနှစ်က UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပါတယ်။ ၁,၇၇၇ စတုရန်းကီလိုမီတာ ( ၄၇၄ စတုရန်းမိုင် ) ကျယ်ဝန်းပြီး ကျွန်းပေါ်မှာရှိတဲ့ မြို့တွေမှာ စုစုပေါင်း လူဦးရေ ၂၄,၅၀၀ နေထိုင်ကြပါတယ်။
Su Mon Oo ( Mine )
Yangon Directory